What we Do
ပွဲနှင့်လှုပ်ရှားမှုများ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) ရုံး၌ အသုံးပြုရန် အတွက် “ မေတ္တာရှင်ရဲ့အစေခံ” ခရစ်ယာန် အခမဲ့ နာရေးကူညီမှုနှင့် လူမှုကူညီရေးမှ “ TOYOTA VELFIRE” (HSE-6047) မော်တော်ယာဥ် အား ယာယီသုံးစွဲနိူင်ရန်အတွက်ပေးအပ်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)စည်းရုံးရေးကော်မတီ၊ဗဟိုအထောက် အကူပြု လူမှုရေးရာလုပ်ငန်းအဖွဲ့၊ဗဟို အထောက်အကူပြုအမျိုးသမီးရေးရာလုပ်ငန်းအဖွဲ့နှင့် ဗဟိုအထောက်အကူပြုလူငယ်ရေးရာလုပ်ငန်းအဖွဲ့အစည်းအဝေးကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၇ရက်တွင် ဗဟိုအစည်းအဝေးခန်းမ၌ကျင်းပ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)ဥက္ကဌဦးဝဏ္ဏသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၈ ရက်နေ့တွင် Indian Christian Leaders Fellowship In Myanmar ၏ဖိတ်ကြားချက်အရသာသနာ့ဗိမာန်တွင်ကျင်းပ
ဤအဖွဲ့အမည်ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
“ဘာသာ ပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့”ဟု ခေါ်တွင်စေရမည်။ နောင်တွင်“အဖွဲ့” ဟူ၍ ရည်ညွှန်း သုံးစွဲမည်-
(က) “ဘာသာပေါင်းစုံ” ဟုဆိုရာတွင် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်အတွင်းရှိ နိုင်ငံသားအများစု ကိုးကွယ်ကြသည့် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာနှင့် ဟိန္ဒူဘာသာများ ကို အဓိကဆိုလိုခြင်းဖြစ်ပြီး အဖွဲ့ကသဘောတူလျှင် အခြားဘာသာ များကိုလည်း ပါဝင်ခွင့်ပြုနိုင်သည်။
(ခ) “အဖွဲ့” ဟု ရည်ညွှန်းသုံးစွဲရာတွင် ဗဟိုအဖွဲ့၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဖွဲ့၊ ခရိုင်အဖွဲ့၊ မြို့နယ်အဖွဲ့၊ ရပ်ကွက်/ကျေးရွာ အဖွဲ့ ဟူ၍ တိတိကျကျ ဖော်ပြရမည်။ “အဖွဲ့အဆင့်ဆင့်” ဟူ၍လည်း ယေဘူယျဖော်ပြနိုင်သည်။
အခြေခံမူနှင့် ရည်ရွယ်ချက်
အဖွဲ့၏ “အခြေခံမူနှင့် ရည်ရွယ်ချက်” များမှာ အောက်ပါအတိုင်း ဖြစ်သည်-
(က) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအတွင်း ဘာသာပေါင်းစုံမှ ဘာသာဝင် အချင်းချင်း တစ်ဦး၏ဘာသာတရား ယုံကြည်ချက်နှင့် ခံယူချက်များကို အပြန်အလှန်လေးစားလျက် အတူတကွ အေးချမ်းစွာ နေထိုင်သွားကြရန်။
လုပ်ငန်းစဉ်များ
ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးများနှင့် အဖွဲ့၏တာဝန်ဝတ္တရားများ
(က) ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ “ပုံမှန်အစည်းအဝေး” ကို အနည်းဆုံး တစ်လလျှင်တစ်ကြိမ် ကျင်းပရမည်။ အဖွဲ့ဝင်ဦးရေ၏ ၁/၃ တက်ရောက်လျှင် အစည်းအဝေး အထမြောက်သည်။
(ခ) နာယကအဖွဲ့၊ ဥက္ကဋ္ဌအဖွဲ့၊ အတွင်းရေးမှူးအဖွဲ့၊ စီမံခန့်ခွဲရေးအဖွဲ့တို့က လိုအပ်သည်ဟု ယူဆလျှင်သော်လည်းကောင်း၊ အထောက်အကူပြု လုပ်ငန်း အဖွဲ့များနှင့် အလုပ်အမှုဆောင် အဖွဲ့ဝင်အများစုက အဆိုပြုတင်ပြလာလျှင် သော်လည်းကောင်း၊ အလုပ်အမှုဆောင်အဖွဲ့ “အရေးပေါ်အစည်းအဝေး” ကို ကျင်းပနိုင်သည်။ ဖိတ်ကြားခံ ဦးရေ၏ ၁/၃ တက်ရောက်လျှင် အစည်းအဝေး အထမြောက်သည်။
လိပ်စာ
No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.
အီးမေးလ်
info@idomyanmar.org
ဖုန်း
09-250 097 938, 09-694 003 109,
09-451 143 069