What we Do
ပွဲနှင့်လှုပ်ရှားမှုများ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို)ဥက္ကဋ္ဌ ဦးဝဏ္ဏ၊နေပြည်တော်ကောင်စီနယ်မြေ ဥက္ကဋ္ဌ ဦးမျိုးအောင်တို့သည်ကျန်းမာရေးဝန်ကြီးဌာန ၊မျက်စိ၊နား၊နှာခေါင်းလည်းချောင်း၊ဦးခေါင်းနှင့်လည်ပင်း ခွဲစိတ်ရောဂါ အထူးကုဆေးရုံကြီး(နေပြည်တော်) မှ ဆေးရုံအုပ်ကြီးဒေါက်တာဒေါ်သက်သက်စိန်ဦးစီး သော တာဝန်ရှိသူများ နှင့် ဆေးရုံအစည်းအဝေးခန်းမ တွင် တွေ့ဆုံ
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) ဥက္ကဋ္ဌဦးဝဏ္ဏ နှင့် ရန်ကုန်တိုင်း ဒေသကြီး ဥက္ကဋ္ဌဦးထွန်းထွန်းဦးတို့သည် ၂၀၂၅ ခုနှစ် ဖေဖေါ်ဝါရီ ၈ ရက်တွင် ဟိန္ဒူအဖွဲ့၏ ဖိတ်ကြားချက်အရ ရန်ကုန်မြို့ အမျိုးသားကဇတ်ရုံ၌ ကျင်းပ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ မိသားစုများ၏ ကာလဒါန ထမနဲ အလှူတော်မင်္ဂလာ ကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၈)ရက်နေ့ တွင် ရွှေတိဂုံစေတီတော် (အရှေ့ဘက်မုခ်)၌ကျင်းပပြုလုပ်
ဤအဖွဲ့အမည်ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
“ဘာသာ ပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့”ဟု ခေါ်တွင်စေရမည်။ နောင်တွင်“အဖွဲ့” ဟူ၍ ရည်ညွှန်း သုံးစွဲမည်-
(က) “ဘာသာပေါင်းစုံ” ဟုဆိုရာတွင် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်အတွင်းရှိ နိုင်ငံသားအများစု ကိုးကွယ်ကြသည့် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာနှင့် ဟိန္ဒူဘာသာများ ကို အဓိကဆိုလိုခြင်းဖြစ်ပြီး အဖွဲ့ကသဘောတူလျှင် အခြားဘာသာ များကိုလည်း ပါဝင်ခွင့်ပြုနိုင်သည်။
(ခ) “အဖွဲ့” ဟု ရည်ညွှန်းသုံးစွဲရာတွင် ဗဟိုအဖွဲ့၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဖွဲ့၊ ခရိုင်အဖွဲ့၊ မြို့နယ်အဖွဲ့၊ ရပ်ကွက်/ကျေးရွာ အဖွဲ့ ဟူ၍ တိတိကျကျ ဖော်ပြရမည်။ “အဖွဲ့အဆင့်ဆင့်” ဟူ၍လည်း ယေဘူယျဖော်ပြနိုင်သည်။
အခြေခံမူနှင့် ရည်ရွယ်ချက်
အဖွဲ့၏ “အခြေခံမူနှင့် ရည်ရွယ်ချက်” များမှာ အောက်ပါအတိုင်း ဖြစ်သည်-
(က) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအတွင်း ဘာသာပေါင်းစုံမှ ဘာသာဝင် အချင်းချင်း တစ်ဦး၏ဘာသာတရား ယုံကြည်ချက်နှင့် ခံယူချက်များကို အပြန်အလှန်လေးစားလျက် အတူတကွ အေးချမ်းစွာ နေထိုင်သွားကြရန်။
လုပ်ငန်းစဉ်များ
ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးများနှင့် အဖွဲ့၏တာဝန်ဝတ္တရားများ
(က) ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ “ပုံမှန်အစည်းအဝေး” ကို အနည်းဆုံး တစ်လလျှင်တစ်ကြိမ် ကျင်းပရမည်။ အဖွဲ့ဝင်ဦးရေ၏ ၁/၃ တက်ရောက်လျှင် အစည်းအဝေး အထမြောက်သည်။
(ခ) နာယကအဖွဲ့၊ ဥက္ကဋ္ဌအဖွဲ့၊ အတွင်းရေးမှူးအဖွဲ့၊ စီမံခန့်ခွဲရေးအဖွဲ့တို့က လိုအပ်သည်ဟု ယူဆလျှင်သော်လည်းကောင်း၊ အထောက်အကူပြု လုပ်ငန်း အဖွဲ့များနှင့် အလုပ်အမှုဆောင် အဖွဲ့ဝင်အများစုက အဆိုပြုတင်ပြလာလျှင် သော်လည်းကောင်း၊ အလုပ်အမှုဆောင်အဖွဲ့ “အရေးပေါ်အစည်းအဝေး” ကို ကျင်းပနိုင်သည်။ ဖိတ်ကြားခံ ဦးရေ၏ ၁/၃ တက်ရောက်လျှင် အစည်းအဝေး အထမြောက်သည်။
လိပ်စာ
No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.
အီးမေးလ်
info@idomyanmar.org
ဖုန်း
09-250 097 938, 09-694 003 109,
09-451 143 069