What we Do
ပွဲနှင့်လှုပ်ရှားမှုများ
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ ၊နာယကကြီးများ၊ဗဟိုဥက္ကဌ ဦးဝဏ္ဏနှင့် ဒုတိယဥက္ကဌများ၊ အထွေထွေအတွင်းရေးမှူးနှင့် အလုပ်အမှူဆောင်များ၊လုပ်ငန်းအဖွဲ့ ဥက္ကဌများ၊အဖွဲ့ဝင်များသည် ၂၀၂၄ ခုနှစ် မတ်လ (၂၃ ) ရက်၊ နေ့လည် (၁၂:၃၀) နာရီတွင် ဗဟိုမှကြီးမှူးပြုလုပ် သော ဂျပန်စကား ပြောသင်တန်းနှင့် အခြေခံ ကွန်ပျူတာ ပညာဒါနသင်တန်းများဖွင့်လှစ်သင်ကြားပေးနေမှုလုပ်ငန်းစဉ်များကိုသွားရောက်လေ့လာ
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့၊၊နာယကကြီးများ၊ ဗဟိုဥက္ကဌ ဦးဝဏ္ဏနှင့် ဒုတိယဥက္ကဌများ၊နာယကကြီးများ၊ အထွေထွေအတွင်းရေးမှူးနှင့် အလုပ်အမှူဆောင်များ၊လုပ်ငန်းအဖွဲ့ ဥက္ကဌများ၊အဖွဲ့ဝင်များနှင့်မိသားစုဝင်များသည် ၂၀၂၄ ခုနှစ် မတ်လ ( ၂၃) ရက်၊ ညနေ (၄) နာရီတွင် လေးဆူဓါတ်ပုံ မြတ်ရွှေတိဂုံ၏(၂၆၁၂) နှစ် မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားကိုတက်ရောက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ ဖွင့်လှစ်သင်ကြားသည့် ပထမအကြိမ် ယဥ်ကျေးလိမ္မာသင်တန်း ဖွင့်ပွဲအခမ်းအနား
ဤအဖွဲ့အမည်ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
“ဘာသာ ပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့”ဟု ခေါ်တွင်စေရမည်။ နောင်တွင်“အဖွဲ့” ဟူ၍ ရည်ညွှန်း သုံးစွဲမည်-
(က) “ဘာသာပေါင်းစုံ” ဟုဆိုရာတွင် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်အတွင်းရှိ နိုင်ငံသားအများစု ကိုးကွယ်ကြသည့် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာနှင့် ဟိန္ဒူဘာသာများ ကို အဓိကဆိုလိုခြင်းဖြစ်ပြီး အဖွဲ့ကသဘောတူလျှင် အခြားဘာသာ များကိုလည်း ပါဝင်ခွင့်ပြုနိုင်သည်။
(ခ) “အဖွဲ့” ဟု ရည်ညွှန်းသုံးစွဲရာတွင် ဗဟိုအဖွဲ့၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဖွဲ့၊ ခရိုင်အဖွဲ့၊ မြို့နယ်အဖွဲ့၊ ရပ်ကွက်/ကျေးရွာ အဖွဲ့ ဟူ၍ တိတိကျကျ ဖော်ပြရမည်။ “အဖွဲ့အဆင့်ဆင့်” ဟူ၍လည်း ယေဘူယျဖော်ပြနိုင်သည်။
အခြေခံမူနှင့် ရည်ရွယ်ချက်
အဖွဲ့၏ “အခြေခံမူနှင့် ရည်ရွယ်ချက်” များမှာ အောက်ပါအတိုင်း ဖြစ်သည်-
(က) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအတွင်း ဘာသာပေါင်းစုံမှ ဘာသာဝင် အချင်းချင်း တစ်ဦး၏ဘာသာတရား ယုံကြည်ချက်နှင့် ခံယူချက်များကို အပြန်အလှန်လေးစားလျက် အတူတကွ အေးချမ်းစွာ နေထိုင်သွားကြရန်။
လုပ်ငန်းစဉ်များ
ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးများနှင့် အဖွဲ့၏တာဝန်ဝတ္တရားများ
(က) ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ “ပုံမှန်အစည်းအဝေး” ကို အနည်းဆုံး တစ်လလျှင်တစ်ကြိမ် ကျင်းပရမည်။ အဖွဲ့ဝင်ဦးရေ၏ ၁/၃ တက်ရောက်လျှင် အစည်းအဝေး အထမြောက်သည်။
(ခ) နာယကအဖွဲ့၊ ဥက္ကဋ္ဌအဖွဲ့၊ အတွင်းရေးမှူးအဖွဲ့၊ စီမံခန့်ခွဲရေးအဖွဲ့တို့က လိုအပ်သည်ဟု ယူဆလျှင်သော်လည်းကောင်း၊ အထောက်အကူပြု လုပ်ငန်း အဖွဲ့များနှင့် အလုပ်အမှုဆောင် အဖွဲ့ဝင်အများစုက အဆိုပြုတင်ပြလာလျှင် သော်လည်းကောင်း၊ အလုပ်အမှုဆောင်အဖွဲ့ “အရေးပေါ်အစည်းအဝေး” ကို ကျင်းပနိုင်သည်။ ဖိတ်ကြားခံ ဦးရေ၏ ၁/၃ တက်ရောက်လျှင် အစည်းအဝေး အထမြောက်သည်။
လိပ်စာ
No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.
အီးမေးလ်
info@idomyanmar.org
ဖုန်း
09-250 097 938, 09-694 003 109,
09-451 143 069