What we Do
ပွဲနှင့်လှုပ်ရှားမှုများ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့၊မဂ်လာဒုံခရိုင်၊ ရွေပြည်သာမြို့နယ် အဖွဲ့ ကို ပြန်လည်ဖွဲ့စည်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့သည် ဗဟန်းမြို့နယ်၊ဝင်္ကဘာလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသို့သွားရောက်
ဗုဒ္ဓဘုရားပူဇော်ပွဲနှင့်ရွာတော်ရှင်ပူဇော်ပွဲသို့ခရိုင်ဥက္ကဌဦးစန်ငြိမ်း၊အတွင်းရေးမှူးဒေါ်မဥ္ဇူမော်(ဗုဒ္ဓ)၊အတွင်းရေးမှူးဦးထွန်းဖေ(ဟိန္ဒူ)အလုပ်အမှုဆောင်အကြံပေးဦးဆလိုင်းမြဆန်း(ခရစ်ယာန်)နှင့်အမှုဆောင်နှစ်ဦးတို့တက်ရောက်
ဤအဖွဲ့အမည်ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
“ဘာသာ ပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့”ဟု ခေါ်တွင်စေရမည်။ နောင်တွင်“အဖွဲ့” ဟူ၍ ရည်ညွှန်း သုံးစွဲမည်-
(က) “ဘာသာပေါင်းစုံ” ဟုဆိုရာတွင် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်အတွင်းရှိ နိုင်ငံသားအများစု ကိုးကွယ်ကြသည့် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာနှင့် ဟိန္ဒူဘာသာများ ကို အဓိကဆိုလိုခြင်းဖြစ်ပြီး အဖွဲ့ကသဘောတူလျှင် အခြားဘာသာ များကိုလည်း ပါဝင်ခွင့်ပြုနိုင်သည်။
(ခ) “အဖွဲ့” ဟု ရည်ညွှန်းသုံးစွဲရာတွင် ဗဟိုအဖွဲ့၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဖွဲ့၊ ခရိုင်အဖွဲ့၊ မြို့နယ်အဖွဲ့၊ ရပ်ကွက်/ကျေးရွာ အဖွဲ့ ဟူ၍ တိတိကျကျ ဖော်ပြရမည်။ “အဖွဲ့အဆင့်ဆင့်” ဟူ၍လည်း ယေဘူယျဖော်ပြနိုင်သည်။
အခြေခံမူနှင့် ရည်ရွယ်ချက်
အဖွဲ့၏ “အခြေခံမူနှင့် ရည်ရွယ်ချက်” များမှာ အောက်ပါအတိုင်း ဖြစ်သည်-
(က) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအတွင်း ဘာသာပေါင်းစုံမှ ဘာသာဝင် အချင်းချင်း တစ်ဦး၏ဘာသာတရား ယုံကြည်ချက်နှင့် ခံယူချက်များကို အပြန်အလှန်လေးစားလျက် အတူတကွ အေးချမ်းစွာ နေထိုင်သွားကြရန်။
လုပ်ငန်းစဉ်များ
ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးများနှင့် အဖွဲ့၏တာဝန်ဝတ္တရားများ
(က) ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ “ပုံမှန်အစည်းအဝေး” ကို အနည်းဆုံး တစ်လလျှင်တစ်ကြိမ် ကျင်းပရမည်။ အဖွဲ့ဝင်ဦးရေ၏ ၁/၃ တက်ရောက်လျှင် အစည်းအဝေး အထမြောက်သည်။
(ခ) နာယကအဖွဲ့၊ ဥက္ကဋ္ဌအဖွဲ့၊ အတွင်းရေးမှူးအဖွဲ့၊ စီမံခန့်ခွဲရေးအဖွဲ့တို့က လိုအပ်သည်ဟု ယူဆလျှင်သော်လည်းကောင်း၊ အထောက်အကူပြု လုပ်ငန်း အဖွဲ့များနှင့် အလုပ်အမှုဆောင် အဖွဲ့ဝင်အများစုက အဆိုပြုတင်ပြလာလျှင် သော်လည်းကောင်း၊ အလုပ်အမှုဆောင်အဖွဲ့ “အရေးပေါ်အစည်းအဝေး” ကို ကျင်းပနိုင်သည်။ ဖိတ်ကြားခံ ဦးရေ၏ ၁/၃ တက်ရောက်လျှင် အစည်းအဝေး အထမြောက်သည်။
လိပ်စာ
No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.
အီးမေးလ်
info@idomyanmar.org
ဖုန်း
09-250 097 938, 09-694 003 109,
09-451 143 069