ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)ဥက္ကဌရုံးသို့ ရှမ်းပြည်နယ်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ လာရောက်တွေ့ဆုံ
၂၀၂၅ခုနှစ်၊မေလ၊(၁၄)ရက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)ရုံးသို့ ၂၀၂၅ခုနှစ်၊မေလ၊(၁၃)ရက်၊နေ့လယ်(၁၁:၃၀)အချိန်ခန့်က၊ရှမ်းပြည်နယ် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဥက္ကဌ၊ဒုဥက္ကဌနှင့်အလုပ်အမှုဆောင်များလာရောက်တွေ့ဆုံကြရာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)ဥက္ကဌ ဦးဝဏ္ဏမှ (ဗဟို)အစည်းအဝေးခန်းမ၌ ချစ်ခင်ရင်းနှီးစွာတွေ့ဆုံခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ ဗဟိုအထောက်ကူပြုအမျိုးသမီးရေးရာလုပ်ငန်းအဖွဲ့ ဥက္ကဌ ဒေါ်ခင်မြသွေး၊ဗဟိုစည်းရုံးရေးရာကော်မတီ အတွင်းရေးမှူး ဦးသန့်ဇင်လှိုင် နှင့် ဗဟိုအလုပ်အမှုဆောင်များ၊ရှမ်းပြည်နယ်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဥက္ကဌ ဦးနေဝင်းထွေး၊ဒုတိယဥက္ကဌ ဦးကျော်ကျော်ထက်(ဗုဒ္ဓဘာသာ)နှင့်ဇနီး၊ပြည်နယ်အလုပ်အမှုဆောင်များတက်ရောက်ကြသည်။
ရှေးဦးစွာ(ဗဟို)ဥက္ကဌက အဖွင့်အမှာစကားပြောကြားပြီး၊ရှမ်းပြည်နယ် ဥက္ကဌနှင့်ဒုတိယဥက္ကဌက မိမိတို့ပြည်နယ်၏လှုပ်ရှားဆောင်ရွက်မှုများအားတင်ပြဆွေးနွေးသည်။တက်ရောက်လာကြသူများမှလည်း သိရှိလိုသည့်အကြောင်းအရာများအား မေးမြန်းဆောင်ရွက်ကြရာ (ဗဟို)တာဝန်ရှိသူများမှမေးခွန်းအလိုက်ပြန်လည်ဖြေကြားပေးခဲ့သည်။
ထို့နောက်(ဗဟို)ဥက္ကဌမှလိုအပ်သည်များကိုဖြည့်စွက်မှာကြားကာ အမှတ်တရမှတ်တမ်း တင်ဓာတ်ပုံများရိုက်ခဲ့ကြပြီး အခမ်းအနားပြီးမြောက်အောင်မြင်ခဲ့ကြောင်းသိရသည်။
#ပြန်ကြားရေး (ဗဟို)
#ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့
#MIDO
Republic of the Union of Myanmar Myanmar Interfaith Dialogue Organization (Central Office)Shan State Interfaith Delegation Visits Central Office
14 May 2025
On 13 May 2025 at around 11:30 AM, a delegation from the Shan State Interfaith Dialogue Organization, led by its Chairperson and Vice Chairperson, visited the Central Office of the Myanmar Interfaith Dialogue Organization in Nay Pyi Taw.
The delegation was warmly received at the Central Meeting Hall by U Wanna, Chairperson of the Central Interfaith Dialogue Organization, along with central executives and officials.
Attending the meeting were Daw Khin Myat Thway, Chairperson of the Central Women’s Affairs Subcommittee, U Than Zin Hlaing, Secretary of the Central Organizing Committee, and other central executive members. From the Shan State delegation, U Nay Win Thway, Chairperson, U Kyaw Kyaw Htet (Buddhist) and his spouse, as well as state-level executive members, were also present.
The meeting began with welcoming remarks from the Central Chairperson. Subsequently, the Chairperson and Vice Chairperson of the Shan State organization presented an update on interfaith activities and operations within Shan State.
An interactive Q&A session followed, during which attending members raised inquiries, which were addressed in detail by the responsible central members.
To conclude the visit, the Central Chairperson offered additional guidance, and commemorative group photographs were taken to mark the occasion. The meeting was successfully and cordially concluded.
Information and Public Relations Department (Central)
Myanmar Interfaith Dialogue Organization
#MIDO #MyanmarInterfaith #ReligiousHarmony
လိပ်စာ
No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.
အီးမေးလ်
info@idomyanmar.org
ဖုန်း
09-250 097 938, 09-694 003 109,
09-451 143 069