လူ့အခွင့်အရေးဆိုင်ရာအသိပညာပေးရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၇)ရက်နေ့ နေ့လည် ၂ နာရီတွင် ရန်ကုန်မြို့၊Esperado Lakeview Hotel ၌ ကျင်းပ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့သို့ လူ့အခွင့်အရေးဆိုင်ရာအသိပညာပေးရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၇)ရက်နေ့ နေ့လည် ၂ နာရီတွင် ရန်ကုန်မြို့၊Esperado Lakeview Hotel ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် ဥက္ကဌ ဦးပေါ်လွင်စိန် နှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)မှ ဥက္ကဌ ဦးဝဏ္ဏ၊ ဒုတိယဥက္ကဌများဖြစ်ကြသည့် ဦးသောမတ်စ်၊ ဦးအောင်ဇော်ဝင်း၊ အထွေထွေအတွင်းရေးမှူး ဦးဇွဲရန်နိုင်၊ ရန်ကုန်တိုင်းဒေသကြီးဥက္ကဌ ဦးထွန်းထွန်းဦး၊ဗဟို အထောက်အကူပြု လူမှုရေးရာလုပ်ငန်းအဖွဲ့ ဥက္ကဌ ဦးဇော်မိုးအောင်၊ ဗဟိုအထောက်အကူပြု အမျိုးသမီးရေးရာလုပ်ငန်းအဖွဲ့ ဥက္ကဌ ဒေါ်ခင်မြသွေး၊ ဗဟိုအထောက်အကူပြု လူငယ်ရေးရာလုပ်ငန်းအဖွဲ့ ဥက္ကဌ ဦးဥက္ကာဆန်းဆင့်၊ဗဟိုအတွင်း ရေးမှူးများဖြစ်ကြသည့် ဦးတင်မောင်လတ်၊ ဒေါက်တာမျိုးဝင်း၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ရန်ကုန်တိုင်း ဒုဥက္ကဌ ဦးခင်မောင်ဇော်၊ အတွင်းရေးမှူးများဖြစ်ကြသည့် ဦးရွှေမောင်၊ ဦးမိုးဇက်၊ တွဲဖက်အတွင်းရေးမှူးများဖြစ်ကြသည့် ဦးမျိုးဇော်၊ ဦးဘိုနီဝင်း၊ ပြန်ကြားရေးမှူး ဦးအောင်သာဒိုး၊ တွဲဖက်ဘဏ္ဍာရေးမှူး ဦးလှဝင်း နှင့် တိုင်းအလုပ်အမှုဆောင်များ၊ ခရိုင်နှင့်မြို့နယ်များမှ ဥက္ကဋ္ဌ များနှင့်အလုပ်အမှုဆောင်များ စုစုပေါင်း အင်အား (၂၅၀) ဦး တက်ရောက်ခဲ့ကြပါသည်။

လိပ်စာ

No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.

အီးမေးလ်

info@idomyanmar.org

ဖုန်း

09-250 097 938, 09-694 003 109,
09-451 143 069