မြန်မာနိုင်ငံဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)၏ ၁/၂၀၂၄ အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေး
မြန်မာနိုင်ငံဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)၏ ၁/၂၀၂၄ အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးကို၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၇ ရက်နေ့ မွန်းလွဲ(၁)နာရီက ဗိုလ်တထောင်မြို့နယ် ကမ်းနားလမ်းရှိ ယင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားမှူးအဖြစ် ဦးလှကြူက ဆောင်ရွက်ပြီး ဗဟိုဥက္ကဌ ဦးဝဏ္ဏက အဖွင့်အမှာစကားပြောကြားကာ နာယကကြီးများက နှုတ်ခွန်းဆက်စကားများပြောကြကြပြီးနောက် အခမ်းအနားမှူးက ယခင် အစည်းအဝေးမှတ်တမ်းကိုဖတ်ကြား၍ အတည်ပြုချက် ရယူခဲ့ကြသည်။
ဆက်လက်၍ လုပ်ငန်းအဖွဲ့ တာဝန်ရှိသူများဖြစ်ကြသည့် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)မှ ဒု ဥက္ကဌ ဦးမျိုးမင်းဝင်း(ဗုဒ္ဓဘာသာ) စည်းကမ်းထိန်းသိမ်းရေးနှင့်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၊ဒု ဥက္ကဌ ဦးဇော်ဇော်နိုင်(ဟိန္ဒူဘာသာ)ဘဏ္ဍာငွေရှာဖွေရေးအဖွဲ့၊ ဒု ဥက္ကဌ ဦးအောင်ဇော်ဝင်း(အစ္စလာမ်ဘာသာ)သဘာဝဘေးအန္တရာယ်ကူညီစောင့်ရှောက်ရေးအဖွဲ့ ၊ ဦးအောင်မျိုးသန့် ( လူမှုရေးရာလုပ်ငန်းအဖွဲ့ )၊ ဒေါ်ခင်မြသွေး ( အမျိုးသမီးရေးရာလုပ်ငန်းအဖွဲ့၊) ဦးဟန်သိန်း ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူးတို့က လုပ်ငန်းအလိုက် တင်ပြဆွေးနွေးခဲ့ကြပါသည်။
ယင်းနောက် တက်ရောက်လာကြသူများက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကြကာ ဗဟိုဥက္ကဌ ဦးဝဏ္ဏက ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေး ကို ညနေ(၃)နာရီ(၄၅) မိနစ်အချိန်တွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။
Address
No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.
info@idomyanmar.org
Phone
09 451 143 069