ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ သည် ရန်ကုန်တိုင်းဒေသကြီး၊မရမ်းကုန်းခရိုင်၊လှိုင်မြို့နယ်ဘူတာရုံလမ်းရှိ၊ဇေယျဝတီကျောင်းတိုက်တွင်ကျင်းပဆောင်ရွက်သော နေ့/ညအသံမစဲမဟာပဌာန်း၊ရွတ်ဖတ်ပူဇော်မှုပိတ်သိမ်း ပွဲသို့ တက်ရောက်
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ရန်ကုန်တိုင်း ဒေသကြီး ဒုတိယ ဥက္ကဌ ဦးဝင်းမြင့်၊မရမ်းကုန်းခရိုင် ဒုတိယ ဥက္ကဌများနှင့်အလုပ်အမှုဆောင်များ ၊လှိုင်မြို့နယ် ဥက္ကဌနှင့်ဒုတိယ ဥက္ကဌများနှင့် မြို့နယ်အလုပ်အမှုဆောင်များ သည် ၂၀၂၄ ခုနှစ် စက်တင်ဘာလ၂၈ ရက်နေ့ မနက် ၁၀ နာရီ တွင် ရန်ကုန်တိုင်းဒေသကြီး၊မရမ်းကုန်းခရိုင်၊လှိုင်မြို့နယ်ဘူတာရုံလမ်းရှိ၊ဇေယျဝတီကျောင်းတိုက်တွင်ကျင်းပဆောင်ရွက်သော နေ့/ညအသံမစဲမဟာပဌာန်း၊ရွတ်ဖတ်ပူဇော်မှုပိတ်သိမ်း ပွဲသို့ တက်ရောက် ကြည်ညိုခဲ့ကြပါသည်။
ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ၏ “ချစ်ကြည်ညီညွတ်ရေးမှသည် ငြိမ်းချမ်းရေး ဆီသို့ ငြိမ်းချမ်းရေးမှသည်နိုင်ငံတော်အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်ရေး ဆီ သို့” ဟူသော ဆောင်ပုဒ်အတိုင်း ဘာသာပေါင်းစုံအဖွဲ့မှအလုပ်အမှုဆောင်များနှင့်အလှူရှင်များက သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း ခဲ့ကြပါသည်။