ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဗဟို၏ လစဉ်ပုံမှန်အစည်းအဝေးကျင်ပ

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဗဟို ၏ လစဉ်ပုံမှန်အစည်းအဝေး ၅/ ၂၀၂၄ ကို ၂၀၂၄ ခု နှစ် မေ လ ၂၅ ရက် နေ့လည် ၁ နာရီတွင် ဗဟိုအစည်းအဝေးခန်းမ၌ကျင်းပရာ ဗဟို ဥက္ကဌ ဦးဝဏ္ဏ မှ အဖွင့်အမှာစကားပြောကြားပြီး နာယက ဦးကျော်ကျော်ဦး၊ ဒေါက်တာလှထွန်း တို့မှ ဩဝါဒ စကား‌ေပြာကြားကြပါသည် ။ ဆက်လက်၍ ဒုတိယ ဥက္ကဌ ဦးမျိုးမင်းဦး၊ ဦးသောမတ်စ်၊ ဦးအောင်ဇော်ဝင်းတို့မှ ဦးဆောင်ဆွေး‌ေနွး ပြောကြားကြပါသည်။ ဗဟိုဥက္ကဌ ဦးဝဏ္ဏ မှအဖွဲ့အား နိုင်ငံတော် အကြီးအကဲများမှ စိတ်ဝင်စားစွာဖြင့်လမ်းညွှန်ပေးမှုများ၊ ပြည်နယ်တိုင်း ဥက္ကဌများ၏ ပံပိုးကူညီပေးမှုများ၊ အဖွဲ့၏ လုပ်ဆောင်ခဲ့မှုများကို ရုပ်ပုံဆလိုက်ထိုး၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ တက်ရောက်လာသည့် လုပ်ငန်းရေးရာ ဥက္ကဌများဖြစ်ကြသည့် အမျိုးသမီးရေးရာ ဥက္ကဌ ဒေါ်ခင်မြ‌‌ေသွး၊ လူမှုရေးရာ ဥက္ကဌ ဦးအောင်မျိုးသန့် တို့မှ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများကို တင်ပြဆွေးနွေးကြပြီး ဘဏ္ဌာ‌ေရးမှူး ဦးလှကြူ မှ ‌ငွေစာရင်း ရှင်းတမ်းဖတ်ကြားတင်ပြ အတည်ပြုခဲ့ကြပါသည်။ အထွေထွေ အတွင်းရေးမှူး ဦးခင်ဝေ မှ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြရာ တက်ရောက်လာသူများမှ ရင်းနှီးပွင့်လင်းစွာ ဝိုင်းဝန်းဆွေးနွေးကြပြီး ညနေ ၃:၃၀ တွင်အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။အဆိုပါ အစည်းအဝေး ကို ဗဟိုစီမံကော်မတီဝင်များ၊ ရန်ကုန်တိုင်း ဥက္ကဌ ဦးထွန်းထွန်းဦး၊ ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟို အဖွဲ့ဝင်များ စုံညီစွာ တက်ရောက်ခဲ့ကြပါသည်။

လိပ်စာ

No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.

အီးမေးလ်

info@idomyanmar.org

ဖုန်း

09-250 097 938, 09-694 003 109,
09-451 143 069