ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ စတုဒိသာ အလှူတော် (ပထမနေ့) အခမ်းအနား

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ စတုဒိသာ အလှူတော် (ပထမနေ့) အခမ်းအနား ကို ၂၀၂၄ ခုနှစ် ဧပြီလ ၁၃ ရက်မဟာသင်္ကြန် အကြိုနေ့ မနက် ၁၀ နာရီ ၄၄ မိနစ်တွင် ရွှေတိဂုံ ဘုရား အနောက်ဘက်စောင်းတန်းအနီးရှိ စတုဒိသာ မဏ္ဍပ်၌ စတင်ဖွင့်လှစ်ခဲ့ပြီး ဘုရားဖူးလာရောက်ကြသူ ပြည်သူ ဦးရေ ၁၀၀၀ အတွက် အာဟာရဒါ‌နနှင့် ရေသန့် အလှူ ပေးအပ်လှူဒါန်းခဲ့ပါသည်။
အဆိုပါလှူဒါန်းပွဲအခမ်းအနားသို့ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေး ဗဟိုဥက္ကဌ ဦးဝဏ္ဏ နှင့် အလုပ်အမှူဆောင်များ၊ ဗဟိုလူမှုရေးရာလုပ်ငန်း ဥက္ကဌ၊အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဗဟို အမျိုးသမီးရေးရာ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်း ဒုတိယ ဥက္ကဌ ဦးခင်မောင်ဇော် နှင့် တိုင်း အလုပ်အမှုဆောင်များ၊ ခရိုင် အသီးသီးမှ ဥက္ကဌနှင့် အလုပ်အမှုဆောင်များ၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ဝင်များ တက်ရောက်ကြပြီး မေတ္တာရေစင်ပက်ဖြန်းခြင်း၊ လူမျိုးမ‌ရွေး စားသုံးနိုင်သည့် ကြက်သား ကြာဇံကြော် လှူဒါန်းနေမှုကို ဝိုင်းဝန်းကူညီပေးခြင်း၊ ဗဟိုအမျိုးသမီးအဖွဲ့ ကပြဖြေဖျော်တင်ဆက်မှုကြည့်ရှု ချီးမြှင့်ခဲ့ပြီး နေ့လည် ၁၂နာရီတွင် အခမ်းအနား ရပ်နားခဲ့ပါသည်။

လိပ်စာ

No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.

အီးမေးလ်

info@idomyanmar.org

ဖုန်း

09-250 097 938, 09-694 003 109,
09-451 143 069