ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအဖွဲ့ ဗဟိုအလုပ်အမှုဆောင် စုံညီ အစည်းအဝေး
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအဖွဲ့ ဗဟိုအလုပ်အမှုဆောင် စုံညီအစည်းအဝေး(၁၁/၂၀၂၄)ကို၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၃ ရက် နေ့လည်(၁၃:၀၀)နာရီ အချိန်တွင်ရန်ကုန်မြို့ ဗိုလ်တထောင် မြို့နယ် ကမ်းနားလမ်းရှိဗဟိုအစည်းအဝေးခန်းမ၌ ကျင်းပရာ ဗဟိုအလုပ်အမှုဆောင်များ စုံညီစွာ တက်ရောက်ကြပါသည်၊သဘာပတိအဖြစ် ဗဟို ဥက္ကဋ္ဌ ဦးဝဏ္ဏက ဆောင်ရွက်ပြီး အခန်းအနားမှူးအဖြစ် ဦးသန့်ဇင်လှိုင်ကဆောင်ရွက်ကာ အစည်း အဝေးကို အောက်ပါ အစီအစဥ်များအတိုင်းကျင်းပခဲ့ကြပါသည်။
အခန်းအနားအစီအစဉ်အရ သဘာပတိ ဗဟိုဥက္ကဌ ဦးဝဏ္ဏက အဖွင့်အမှာစကားပြောကြားပါသည်။
ဆက်လက်ပြီး ဗဟို ဒုတိယဥက္ကဌ နှင့် ဗဟိုစည်းကမ်းထိန်းသိမ်းရေးနှင့်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းဝင်း ၊ဗဟို ဒုတိယ ဥက္ကဋ္ဌ ဦးဇော်ဇော်နိုင်၊ဗဟိုဒုတိယ ဥက္ကဋ္ဌ နှင့် သဘာဝဘေးအန္တရာယ်ကူညီထောက်ပံ့ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဇော်ဝင်း၊ ဗဟိုအထွေထွေအတွင်းရေးမှူး ဦးဇွဲရန်နိုင်၊ ဗဟိုဥပဒေရေးရာအဖွဲ့အတွင်းရေးမှူး ဦးကျော်ဇင်လတ်၊ဗဟိုအမျိုးသမီးရေးရာလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်မြသွေး၊ဗဟိုအဖွဲ့ဝင် ဦးခင်ဝေ နှင့် ဗဟိုအဖွဲ့ဝင် ဦးလှရွှေ တို့က ဆွေးနွေးတင်ပြကြပြီး သဘာပတိ ဗဟိုဥက္ကဌ ဦးဝဏ္ဏက ဆွေးနွေးတင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းကာ နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားကို ညနေ(၃:၁၅)နာရီ အချိန်တွင်အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။