ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှရေဘေးသင့် ပြည်သူများအားဆန်နှင့်ပစ္စည်းများပေးအပ်လှူဒါန်းခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဗဟိုဥက္ကဌ ဦးဝဏ္ဏ ၏ လမ်းညွှန်မှုဖြင့် နေပြည်တော်ကောင်စီနယ်မြေ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ မှအတိဒုက္ခရောက်နေသောရေဘေးသင့် ပြည်သူများအားဆန်နှင့်ပစ္စည်းများပေးအပ်လှူဒါန်းခြင်းအခန်းအနားကို နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့ နယ်၊ညောင်ပင်သာရွာ၊သကြားစက်ရုံ၊ဓမ္မာရုံ၌ ၂၀၂၄ ခုနှစ် စက်တင်ဘာလ၂၀ ရက်နေ့ မနက်(၈:၃၀)နာရီက ကျင်းပခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့တိုင်း ဥက္ကဌ ဦးမျိုးအောင် အထွေထွေအတွင်းရေးမှူး Dr မင်းမင်းကျော်၊အတွင််းရေးမှူးဦးစောဂျက်ဆင်၊ဘဏ္ဍာရေးမှူးဦးနေဝင်း ၊တွဲဖက်ဘဏ္ဍာရေးမှူးဦးကျော်ဝင်း တိုင်းအမျိုးသမီးရေးရာ ဥက္ကဌဒေါ်စန်းစန်းမော် ၊အတွင်းရေးမှူး ဒေါ်ဝတ်မှုံနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ တက်ရောက်ကြပြီး အိမ်ထောင်စု(၁၀၀)အတွက်ဆန်အိတ်(၁၀၀)နှင့်ရေသန့်ကဒ်များ၊အချိုရေကဒ်များ၊သွားတိုက်တံ၊သွားတိုက်ဆေး၊အဝတ်အထည်များ၊အစားအစာများနှင့်ဆေးဝါးများ(ကျပ်သိန်း(၇၀)ခန့် )ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
လိပ်စာ
No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.
အီးမေးလ်
info@idomyanmar.org
ဖုန်း
09-250 097 938, 09-694 003 109,
09-451 143 069