ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်-ဘာသာပေါင်းစုဲချစ်ကြည်ညီညွတ်ရေးအဖွဲ့ ၏ စတုတ္ထအကြိမ် မြောက် အခမဲ့စက္ခုအလင်းဒါန ကုသလှူဒါန်းခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်-ဘာသာပေါင်းစုဲချစ်ကြည်ညီညွတ်ရေးအဖွဲ့ ၏ စတုတ္ထအကြိမ် မြောက် အခမဲ့စက္ခုအလင်းဒါန ကုသလှူဒါန်းခြင်းကိုကျန်းမာရေးဝန်ကြီးဌာန တိုင်းကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ၂၀၂၄-ခုနှစ်စက်တင်ဘာလ(၁၆)ရက်စနေနေ့ မနက်(၁၁)နာရီအချိန်က ရန်ကုန်မြို့မျက်စိအထူးကုဆေးရုံကြီး၌ ကျင်းပရာ ဗဟိုနာယက ဦးကျော်ကျော်ဦး ဗဟိုဥက္ကဋ္ဌ ဦးဝဏ္ဏဗဟို ဒု ဥက္ကဋ္ဌ များဖြစ်သည့် ဦးမျိုးမင်းဝင်း၊ဦးဇော်ဇော်နိုင်ဦးသောမတ်(စ်)၊ဦးအောင်ဇော်ဝင်း၊ဗဟို အထွေထွေအတွင်းရေးမှူး ဦးခင်ဝေနှင်ရန်ကုန်တိုင်းဒေသကြီး ဥက္ကဋ္ဌဦးထွန်းထွန်းဦး၊လူမှုရေးရာလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးအောင်၊အမျိုးသမီးရေးရာလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်မြသွေးနှင့်ဗဟို/တိုင်း/ခရိုင်/မြို့နယ် အလုပ်အမှုဆောင်များ တက်ရောက်ကြပြီရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့-တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊တိုင်းကျန်းမာရေးဝန်ကြီးဌာနတိုင်းဒေသကြီး ကုသရေး/ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာနန္ဒဝင်း၊မျက်စိအထူးကုဆေးရုံအုပ်ကြီး ဒေါက်တာခင်ဇော်၊ပါမောက္ခဒေါက်တာကေသီ၊ဆေးတက္ကသိုလ်(၁)မှ ပါမောက္ခ/ဌာနမှူးဒေါက်တာမေသက်နှင်းအေး၊ဒေါက်တာခင်ဥမ္မာခိုင်၊ပါမောက္ခဒေါက်တာလှကေသီနှင့်တာဝန်ရှိသူများ၊မျက်စိဝေဒနာရှင်များတက်ရောက်ကြပါသည်။
အဆိုပါ မျက်စိစမ်းသပ်ကုသနေမှုများကိုဗဟို ဥက္ကဌ ဦးဝဏ္ဏနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊တိုင်းကျန်းမာရေးမှူးနှင့်တာဝန်ရှိသူများကလူနာများအား လိုက်လံကြည့်ရှု့အားပေးစကားပြောကြားခဲ့ပါသည်။
ရန်ကုန်မျက်စိအထူးကုဆေးရုံကြီးနှင့်ဗဟန်းအမျိုးသမီးဆေးရုံကြီးတို့တွင်မျက်စိဝေဒနာရှင် လူနာ ၅၇၉-ဦး အား ကုသပေးသွားမည်ဖြစ်ပါသည်။
လိပ်စာ
No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.
အီးမေးလ်
info@idomyanmar.org
ဖုန်း
09-250 097 938, 09-694 003 109,
09-451 143 069