ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဗဟို/တိုင်း/ခရိုင် ဗုဒ္ဓဘာသာ အလုပ်အမှုဆောင်များ အစည်းအဝေးကျင်းပ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဗဟို/တိုင်း/ခရိုင် ဗုဒ္ဓဘာသာ အလုပ်အမှုဆောင်များ အစည်းအဝေးကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၁ ရက် ဗုဒ္ဓဟူးနေ့နေ့လည် (၁)နာရီအချိန် တွင် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ရှိ ဗဟိုအစည်းအဝေးခန်းမ၌ကျင်းပရာ ဗဟိုဥက္ကဌ ဦးဝဏ္ဏ၊ဗဟိုအထွေထွေအတွင်းရေးမှူးဦးခင်ဝေ၊ ၊ရန်ကုန်တိုင်းဥက္ကဌ ဦးထွန်းထွန်းဦး ၊လူမှုရေးရာလုပ်ငန်းအဖွဲ့ဥက္ကဌ ဦးဇော်မိုးအောင်၊၊အမျိုးသမီးရေးရာလုပ်ငန်းအဖွဲ့ ဥက္ကဌ ဒေါ်ခင်မြသွေး၊ ဗဟို နှင့်တိုင်းအလုပ်အမှုဆောင်များ၊ခရိုင်ဥက္ကဌများ၊ခရိုင်ဒုဥက္ကဌများ၊ခရိုင်အတွင်းရေးမှူးများ ခရိုင်အလုပ်အမှုဆောင်များ စုံစုံညီညီတက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် ဗဟိုဥက္ကဌ ဦးဝဏ္ဏက အဖွင့်အမှာစကား ပြောကြားရာတွင်

၁။ ဘာသာရေးပဋိပက္ခများ ဖြစ်ပေါ်စေရန် တမင်ရည်ရွယ်ချက် ရှိရှိဖြင့် ဗုဒ္ဓဘာသာအပေါ် ပုတ်ခတ်ပြောဆို ခဲ့ သော ခရစ်ယာန်ဘာသာရေး တရားဟောဆရာ၏ ဟောပြောမှုများအပေါ် သက်ဆိုင်ရာ မှ အရေးယူ ဆောင်ရွက်ပြီး ဖြစ်သော်လည်း ၎င်း အမုန်းစကားများကြောင့် ဘာသာဝင်များကြား ပဋိပက္ခ ဖြစ်ပေါ်လာနိုင်သဖြင့် အမုန်းစကား ဟောပြော ဖြန့်ချီ လှုံ့ဆော်မှုကန့်ကွက်ရှုတ်ချပွဲ ပြုလုပ်ရန်၊
၂။နိုင်ငံတော် အသိအမှတ် ပြုအဖွဲ့ အစည်းဖြစ် သဖြင့်မိမိအဖွဲ့အစည်းအတွင်းတွင် အထက် နှင့် အောက် ရုံး စာထုတ်ပြန်ရာတွင် “ညွှန်ကြားသည်’ဟု သုံးစွဲနိုင်သော်လည်း အခြားမိတ်ဖက် အဖွဲ့အစည်းများ ကို ရုံးစာ ပေးပို့ရန်တွင် အသုံးမပြုရန်၊
၃။မျက်စိအခမဲ့ကုသရေးကို -၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၆ ရက် တနင်္လာ နေ့တွင် ရန်ကုန်မျက်စိဆေးရုံ၌ဖွင့်ပွဲ ကျင်းပမည်ဖြစ်သဖြင့်အလုပွအမှုဆောင်များ စုံစုံညီညီ တက်ရောက်ကြရန်၊
၄။သွေးလှူဒါန်းပွဲကို ရန်ကုန်တိုင်းမှ ဦးစီးဆောင်ရွက်သွားရန်

စသဖြင့် အမှာစကားပြောကြားပြီးတက်ရောက်လာကြသူများ၏တင်ပြဆွေးနွေးမှုများကိုပေါင်းစပ်ညှိုနှိုင်း ဆောင်ရွက်ခဲ့ ကြ ပါသည်။
(ဗဟိုပြန်ကြားရေး)

လိပ်စာ

No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.

အီးမေးလ်

info@idomyanmar.org

ဖုန်း

09-250 097 938, 09-694 003 109,
09-451 143 069