ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ သင်္ဃန်းကျွန်းခရိုင်၊ ၏ (၆/၂၀၂၄)အလုပ်အမှုဆောင် အစည်းအဝေးကျင်းပ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ သင်္ဃန်းကျွန်းခရိုင်၊ ၏ (၆/၂၀၂၄)အလုပ်အမှုဆောင် အစည်းအဝေးကို ၂၀၂၄ ခုနှစ် သြဂုတ်လ ၃၁ ရက် နံနက် (၀၉း၀၀)နာရီ အချိန်တွင်ရန်ကုန်မြို့ ဗိုလ်တထောင် ကမ်းနားလမ်း ရှိ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)အစည်းအဝေး ခန်းမ၌ကျင်းပပြုလုပ်ရာဟိန္ဒူဘာသာနာယကဦးဘနီမှနုတ်ခွန်းဆက်စကားပြောကြားပြီး ခရိုင်ဥက္ကဌ ဦးကျော်စည်သူ မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ဆက်လက်၍ ခရိုင်ဒုဥက္ကဌ များဖြစ်ကြသော ဦးစံရှိန်၊ဟာဂျီဦးသိန်းဝင်းနှင့်ဦးတိုက်ချွန်းစိန်တို့မှလိုအပ်ချက်များကိုဆွေးနွေးတင်ပြကြပြီးတောင်ဥက္ကလာပမြို့နယ်ဥက္ကဌ ဦးတင်မိုး၊သင်္ဃန်းကျွန်းမြို့နယ်ဥက္ကဌဦးကျော်ကျော်ထွန်း၊ရန်ကင်းမြို့နယ် ဥက္ကဌဦးမောင်စိုးနှင့်တာမွေမြိုနယ်ဥက္ကဌဦးရဲခေါင်တို့မှ မြို့နယ် ဖွဲ့စည်းပြီးစီးမှု အခြေအနေ များကိုတင်ပြခဲ့ကြပါသည်။ယနေ့အစည်းအဝေးဆုံးဖြတ်ချက်များမှာ
၁။ခရိုင်ဒုက္ကဌ(ခရစ်ယာန် ဘာသာ)ဦးတိုက်ချွန်းစိန် အား အတည်ပြုခြင်း
၂။ခရိုင်နာယကကြီး၄ဦးဖြစ်ကြသော ဦးဌေးဝေ(ဗုဒ္ဓ ဘာသာ)၊ဦးဘနီ(ဟိန္ဒူဘာသာ)၊ဒေါက်တာအေးမင်း(ခရစ်ယာန်ဘာသာ)နှင့်ဦးလှစိန်(အစ္စလာမ်ဘာသာ)တို့အားအတည်ပြုဆုံးဖြတ်ခြင်း
၃။ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၁ ရက် (စနေနေ့)တွင် ခန့်အပ်လွှာ ပေးအပ်ပွဲနှင့်မိတ်ဆုံစားပွဲ ကျင်းပရေး စသည့် ဆုံးဖြတ်ချက်များကို အတည်ပြုကြေငြာပြီး အစည်းအဝေး ကို(၁၀း၃၀)နာရီအချိန်တွင်အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။

လိပ်စာ
No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.
အီးမေးလ်
info@idomyanmar.org
ဖုန်း
09-250 097 938, 09-694 003 109,
09-451 143 069