ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဗဟို၏ ဗဟိုအလုပ်အမှုဆောင် စုံညီ အစည်းအဝေးကျင်းပ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဗဟို၏ ဗဟိုအလုပ်အမှုဆောင် စုံညီ အစည်းအဝေး ၈/၂၀၂၄ ကို ၃၁-၈-၂၀၂၄ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့လည် ၁း၀၀ နာရီ အချိန်တွင် ဗိုလ်တထောင်မြို့နယ် ကမ်းနားလမ်းရှိ ဗဟိုအစည်းအဝေးခန်းမ၌ ကျင်းပရာ ဗဟိုဥက္ကဌ ဦးဝဏ္ဏ နှင့် ဗဟိုကော်မတီဝင်များ စုံညီစွာ တက်ရောက်ကြပါသည်။အဆိုပါအခမ်းအနားသို့ ဗဟိုဥက္ကဌ ဦးဝဏ္ဏ ၊ ဒုတိယဥက္ကဌများဖြစ်ကြသည့် ဦးဇော်ဇော်နိုင်၊ဦးအောင်ဇော်ဝင်း၊အထွေထွေအတွင်းရေးမှူး ဦးခင်ဝေ၊အတွင်းရေးမှူးများဖြစ်ကြသည့် ဦးတင်မောင်လတ်၊ဦးလှဝင်း၊ဦးမြအေး၊ဘဏ္ဏာရေးမှူး ဦးလှကြူ၊ပြန်ကြားရေးမှူး ဦးအောင်မျိုးသန့်၊စာရင်းစစ် ဦးလှကျော်နှင့် ဗဟိုအလုပ်အမှုဆောင်များလူမှုရေးရာလုပ်ငန်းအဖွဲ ဥက္ကဌ ဦးဇော်မိုးအောင်နှင့်အဖွဲ့ဝင်များ၊အမျိုးသမီးရေးရာလုပ်ငန်းအဖွဲ့ ဒေါ်ခင်မြသွေးနှင့်အဖွဲ့ဝင်များ တက်ရောက်ကြပြီးဗဟိုဥက္ကဌ ဦးဝဏ္ဏက အဖွင့်အမှာစကားပြောကြားပါသည်။
အစည်းအဝေးတွင်
(၁)၂၀၂၅- ခုနှစ် ပြက္ခဒိန်ကို ဘာသာကြီးလေးရပ် ဘာသာအလိုက် ရက်၊လ၊ခုနှစ်များဖြင့် ထုတ်ဝေရန်။
(၂)စာစောင်ငယ်များကို တစ်လတစ်ကြိမ် ထုတ်ဝေရန်။
(၃)ခရစ်ယာန်ဘာသာဝင် တရားဟောဆရာ ရွှေခေါင်းလောင်း၏ ဗုဒ္ဓဘာသာအပေါ် စွပ်စွဲပြောဆိုမှုများကို ဆွေးနွေးညှိနှိုင်းမှုဖြင့် အဖြေရှာကြရန်၊
(၄)အဖွဲ့ဝင်အင်အားတိုးတက် နိုင်ရေးအတွက်တိုင်း/ခရိုင်/မြို့နယ် များအထိ ကျယ်ကျယ်ပြန့်ပြန့ဆောင် ရွက်ကြရန်။
(၅)ဗဟိုဒုဥက္ကဌ များအနေဖြင့် ဘာသာအလိုက်တိုင်း/ခရိုင်များရှိ မိမိတို့ဘာသာအဖွဲ့ဝင်များဖြင့်ရင်းရင်းနှီးနှီး အကျွမ်းတဝင်ပူးပေါင်းဆောင်ရွက်သွားရန်။
(၆)ဗဟိုအလုပ်အမှုဆောင်များကို တစ်ဘာသာလျှင်(၁၀)ဦးနှုံး ပြည့်မှီရေးအတွက် ဘာသာအလိုက် ဒုဥက္ကဌများက တာဝန်ယူရန် စသည်တို့ကို ဆွေးနွေးကြပါသည်။
တက်ရောက်လာကြသော ဆပ်ကော်မတီ ဥက္ကဌများ၊လုပ်ငန်းကော်မတီ ဥက္ကဌများနှင့်ဗဟိုကော်မတီဝင်များက ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အသေးစိတ်ဆွေးနွေးတင်ပြကြပြီး ဗဟိုဥက္ကဌက ပေါင်းစပ်ညှိနှိုင်းဆွေးနွေး ဆုံးဖြတ်ခဲ့ကြပါသည်။
(ဗဟိုပြန်ကြားရေး)

လိပ်စာ

No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.

အီးမေးလ်

info@idomyanmar.org

ဖုန်း

09-250 097 938, 09-694 003 109,
09-451 143 069