ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဗဟိုဥက္ကဌ ဦးဝဏ္ဏ၏ လမ်းညွှန်မှုဖြင့် ပထမအကြိမ် ကျင်းပသည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဗဟိုဥက္ကဌ ဦးဝဏ္ဏ၏ လမ်းညွှန်မှုဖြင့် ပထမအကြိမ် ကျင်းပ သည့်”မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်(၂၀၂၄)”ကို ၂၀၂၄ ခုနှစ် ဇွန်လ ၁၃ ရက် နံနက် (၉း၃၀)နာရီ တွင် မှော်ဘီခရိုင်၊ထန်းတပင်မြို့နယ်၊ ဆက်ကလေးကျေးရွာ အုပ်စု၊အိမ်လေးလုံးကျေးရွာ-ရွာအဝင်လမ်း၌ ကျင်းပခဲ့ပါသည်။ အဆိုပါ အခန်းအနားသို့ဗဟို ဥက္ကဌ ဦးဝဏ္ဏ အထွေထွေအတွင်းရေးမှူး ဦးခင်ဝေ နှင့် ဗဟိုအလုပ်အမှုဆောင်များ၊ဗဟိုအမျိုးသမီးရေးရာလုပ်ငန်းအဖွဲ့ ဥက္ကဌ ဒေါ်ခင်မြသွေးနှင့် အဖွဲ့ဝင်များ၊တိုင်း ဒုဥက္ကဌ ဦးဝင်းမြင့်နှင့် တိုင်းအလုပ်အမှုဆောင်များ၊ခရိုင် ဥက္ကဌ ဦးသန့်ဇော်မင်းထိုက်နှင့် ခရိုင်အလုပ်အမှုဆောင်များ၊ထန်းတပင်မြို့နယ် ဥက္ကဌ ဦးစိုးမြင့် နှင့်မြို့နယ်အလုပ်အမှုဆောင်များ၊ ထန်းတပင်မြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ထန်းတပင်မြို့နယ် မီးသတ်ဦးစီးမှူး ဦးမိုးမင်းအောင် နှင့် အဖွဲ့ဝင်များ၊ထန်းတပင်မြို့နယ်၊ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ၊မြို့နယ် ဦးစီးမှူးဦးထွန်းဦးကြည်၊ကျေးရွာ/အုပ်စု အုပ်ချုပ်ရေးမှူး ဦးညွန့်ဝင်းနှင့်အဖွဲ့ဝင်များ၊ရပ်မိရပ်ဖများ၊ကျေးရွာသူ ကျေးရွာသားများ ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။အဆိုပါ သစ်ပင်စိုက်ပျိုးရာ၌ မန်းကျည်းပင်၊တမာပင်၊ခရေပင် စုစုပေါင်း အပင်(၇၀၀) စိုက်ပျိုးကြပါသည်။
(ဗဟိုပြန်ကြားရေး)
(ဗဟိုပြန်ကြားရေး)
လိပ်စာ
No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.
အီးမေးလ်
info@idomyanmar.org
ဖုန်း
09-250 097 938, 09-694 003 109,
09-451 143 069