ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ က ကြီးမှူး ၍ဖွင့်လှစ်သင်ကြားသည့် ယဥ်ကျေးလိမ္မာသင်တန်း (၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနား

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ က ကြီးမှူး ၍ဖွင့်လှစ်သင်ကြားသည့် ယဥ်ကျေးလိမ္မာသင်တန်း(၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနား ကို ၂၀၂၄ခုနှစ် မတ်လ(၃၁)ရက်နေ့ နံနက်(၉)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်၊မြယမုံကမ်းသာယာအိမ်ရာအတွင်းရှိ မေဃဝတီ ဓမ္မာရုံ ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)ဥက္ကဌ ဦးဝဏ္ဏ ၊အထွေထွေအတွင်းရေးမှူးဦးခင်ဝေ၊ ရန်ကုန်တိုင်းဒေသကြီးဥက္ကဌ ဦးထွန်းထွန်းဦး၊ဗဟိုအထောက်အကူပြုအမျိုးသမီးရေးရာလုပ်ငန်းကော်မတီ ဥက္ကဌ ဒေါ်ခင်မြသွေး၊ဗဟိုအလုပ်အမှုဆောင် များနှင့် ဗဟိုအမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဗိုလ်တထောင်ခရိုင် ဥက္ကဌ ဦးသန့်ဇင်လှိုင်နှင့် အလုပ်အမှုဆောင်များ ရပ်မိရပ်ဖများ၊ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ သင်တန်းသား သင်တန်းသူများ၏မိဘများနှင့်သင်တန်းသား၊သင်တန်းသူ(၁၄၀)ဦးတို့တက်ရောက်ခဲ့ကြပါတယ်။

အခမ်းအနားမှူးအဖြစ် ဗဟိုအလုပ်အမှုဆောင် ဦးလှကြူ(ဘဏ္ဍာရေးမှူးက ဆောင်ရွက်ပြီး အခမ်းအနားအား နမောတဿသုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ခြင်း၊ရန်ကုန်တိုင်းဥက္ကဌ ဦးထွန်းထွန်းဦးက အဖွင့်အမှာစကားပြောကြားခြင်း၊ သင်တန်းသားမိဘတစ်ဦးက ကျေးဇူးတင်စကားပြောကြားခြင်း၊ သင်တန်းတာဝန်ခံ ဦးသန့်ဇင်လှိုင်က နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)အထွေထွေအတွင်းရေးမှူး ဦးခင်ဝေက နှုတ်ဆက်စကားပြောကြားခြင်းတို့ ဆောင်ရွက်ခဲ့ပြီးသင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ခြင်း၊ သင်တန်းနည်းပြများနှင့် အလှူရှင်များအား ဂုဏ်ပြုလွှာများချီးမြှင့်ခြင်းတို့ဆောင်ရွက်ခဲ့ကာ ဗုဒ္ဓသာသနံ စိရံတိဌတုသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအားရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

လိပ်စာ

No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.

အီးမေးလ်

info@idomyanmar.org

ဖုန်း

09-250 097 938, 09-694 003 109,
09-451 143 069