ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေး အဖွဲ့ သည် စူဠာမဏိ ဘုရားကျောင်းဆောက်လုပ်နေမှု နှင့် ခြံစည်းရိုးကာရံထားမှုများကို ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေး အဖွဲ့ ရန်ကုန်တိုင်း ဒေသကြီး ဥက္ကဋ္ဌ ဦးထွန်းထွန်းဦး ၊ လှည်းကူး ခရိုင် ဥက္ကဋ္ဌ ဦးကျော်စိုးဝင်း နှင့် ခရိုင်အဖွဲ့ဝင်များ သည် ၂၀၂၅ ခုနှစ် မေ လ ၁၉ ရက် တနင်္လာနေ့ နေ့လည် ( ၁ )နာရီအချိန်တွင်ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊လှည်းကူးမြို့ အနောက်မင်းလမ်းမ ရိပ်သာရပ်ကွက်၊ ငါးထပ်ကြီးဘုရားရှေ့တည့်တည့်၊ လှည်းကူး မြို့မရဲစခန်း နှင့် ကပ်လျက် တည်ရှိသော စူဠာမဏိ ဟိန္ဒူဘုရားကျောင်းဝင်း ၌ လှည်းကူး မြို့နယ် ဥက္ကဋ္ဌ ဦးကျော်အောင် နှင့်အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးရဲထွန်းနောင် နှင့်အဖွဲ့ဝင်များ၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးဇော်မင်းထွန်း နင့်အဖွဲ့ဝင်များ၊ မြို့နယ်မြို့မရဲစခန်းမှူး နှင့်အဖွဲ့ ၊ မြို့နယ် လဝကဦးစီးမှူး နှင့်အဖွဲ့ ၊ SH မှုခင်းသတင်းထောက်အဖွဲ့ဝင်များ၊ ဟိန္ဒူဘာသာဝင်များ နှင့်အတူ စူဠာမဏိ ဘုရားကျောင်းဆောက်လုပ်နေမှု နှင့် ခြံစည်းရိုးကာရံထားမှုများကို ကြည့်ရှုစစ်ဆေး ခဲ့ကြပါသည်။
ရန်ကုန်တိုင်း ဒေသကြီးအစိုးရ အဖွဲ့ ၏( ၂၀၂၁ )ခုနှစ်ခွင့်ပြုချက်အရ မူလပုံစံမပျက်အတိုင်း ဆောက်လုပ်ထားမှု ရှိ / မရှိ နှင့် ကန့်ကွက် ထား မှု ကို သက်ဆိုင်ရာ တရားရုံးတွင် ဖြေရှင်းပြီး၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ခွင့်ပြုချက်ကိုထပ်မံယူရပြီးမှသာ ဆက်လက်ဆောက်လုပ်ရန် ညှိနှိုင်းပြောဆိုခဲ့ကြပါသည် ။

Republic of the Union of Myanmar Myanmar Interfaith Dialogue Organization Site Visit to Sularmani Hindu Temple Construction in Hlegu Township

19 May 2025

On Monday, 19 May 2025, at around 1:00 PM, U Tun Tun Oo, Chairperson of the Yangon Region Interfaith Dialogue Organization, along with U Kyaw Soe Win, Chairperson of the Hlegu District Interfaith Dialogue Organization, and district members, visited the premises of the Sularmani Hindu Temple located at Ngar Htat Gyi Pagoda Road, Yae Thar Ward, directly opposite Nga Htat Gyi Pagoda, adjacent to Hlegu Township Police Station, in Hlegu Township, Yangon Region.
The site visit was joined by U Kyaw Aung, Chairperson of the Hlegu Township Interfaith Dialogue Organization, along with township-level members, U Ye Htun Naung, Chairperson of the Township Administration Body, and members of the Township Development Committee, including Executive Officer U Zaw Min Tun, officers from the Township Police Department, Land Records Department, members of the SH News Crime Reporters Team, and local Hindu community leaders.
The purpose of the visit was to inspect the ongoing construction of the Sularmani Hindu Temple and its fencing and compound developments.
It was discussed that, in accordance with the 2021 approval from the Yangon Region Government, the construction should continue without deviating from the original design. Since prior objections had already been resolved through relevant court proceedings, the group advised that additional permission from the Township Development Committee must be obtained before resuming or continuing construction work.

Myanmar Interfaith Dialogue Organization
#YangonRegionInterfaith

လိပ်စာ

No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.

အီးမေးလ်

info@idomyanmar.org

ဖုန်း

09-250 097 938, 09-694 003 109,
09-451 143 069