ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)ရုံး၌ (ဗဟို)နှင့်ရန်ကုန်တိုင်းအတွင်းရှိ ခရိုင်များနှင့်မြို့နယ် အသီးသီးမှ အလုပ်အမှုဆောင်များအား(ဗဟို)ဥက္ကဌ မှ တွေ့ဆုံ

၂၀၂၅ခုနှစ်၊မေလ(၁၀)ရက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)ဥက္ကဌ ဦးဝဏ္ဏနှင့် ဗဟို အလုပ်အမှုဆောင်များသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်များနှင့်မြို့နယ်အသီးသီးမှအလုပ်အမှုဆောင်များအား၊ယနေ့ နေ့လယ်(၁)နာရီအချိန်က၊ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)အစည်းအဝေးခန်းမ၌ချစ်ခင်ရင်းနှီးစွာတွေ့ဆုံခဲ့သည်။
ရှေးဦးစွာ (ဗဟို)ဥက္ကဌက နုတ်ခွန်းဆက်အမှာစကားပြောကြားပြီး၊ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ကြီး၏လက်ရှိလှုပ်ရှားဆောင်ရွက်နေမှုများ၊ရှေ့‌လုပ်ငန်းစဥ်များနှင့်ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များအားရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့်အလုပ်အမှုဆောင်များက သိရှိလိုသည်များကိုမေးမြန်းကြရာ (ဗဟို)ဥက္ကဌမှ တစ်ဦးခြင်း၏ သိလိုဖွယ်ရာများကို ပြန်လည်ဖြေကြားပေးခဲ့သည်။
ထပ်မံ၍ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ရန်ကုန်တိုင်း)ဒုတိယဥက္ကဌ ဦးဝင်းမြင့်(ဗုဒ္ဓဘာသာ)က ရန်ကုန်တိုင်အတွင်းရှိ ခရိုင်/မြို့နယ်များ၏လှုပ်ရှား‌ဆောင်ရွက်နေမှုအခြေအနေများနှင့်(ဗဟို)မှညွှန်ကြားချက်များကို မိမိတိုင်းဒေသကြီးလက်အောက်ရှိ ခရိုင်/မြို့နယ် များ အချိန်နှင့်တစ်ပြေးညီသိရှိစေရန် ဆက်လက်၍လမ်းညွှန်မှုပေးထားပါကြောင်းပြောကြားခဲ့သည်။
ထို့နောက် (ဗဟို)ဥက္ကဌက လိုအပ်သည်များကိုဖြည့်စွက်မှာကြားကာ အခမ်းအနားကိုအောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည်။

ပြန်ကြားရေး(ဗဟို)
ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့

Republic of the Union of Myanmar Myanmar Interfaith Dialogue Organisation (Central) Meeting between Central Executive Committee and Executives from Districts and Townships within Yangon Region

10 May 2025

U Wunna, Chairperson of the Myanmar Interfaith Dialogue Organisation (Central), together with Central Executive Members, warmly met with executive members from various districts and townships within Yangon Region today at 1:00 PM at the meeting hall of the Central Myanmar Interfaith Dialogue Organisation.
The Chairperson first delivered a welcoming address and provided a clear explanation on the organisation’s current activities, ongoing initiatives, and future planned operations.
Subsequently, the attending executives raised various queries, which the Chairperson addressed individually, offering clarifications and responses to their questions.
Following that, U Win Myint (Buddhism), Vice Chairperson of the Yangon Region Interfaith Dialogue Organisation, presented an update on the activities of the districts and townships within Yangon Region and reiterated that the guidance and instructions from the Central Organisation have been continuously relayed to respective districts and townships in a timely manner.
Finally, the Chairperson provided supplementary remarks where necessary and successfully concluded the meeting.

Information and Public Relations Department (Central)
Myanmar Interfaith Dialogue Organisation

လိပ်စာ

No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.

အီးမေးလ်

info@idomyanmar.org

ဖုန်း

09-250 097 938, 09-694 003 109,
09-451 143 069