ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) သဘာဝဘေးအန္တရာယ်ကူညီထောက်ပံ့ရေးလုပ်ငန်းအဖွဲ့(၄/၂၀၂၅)အစည်းအဝေးဆောင်ရွက်။ ၂၀၂၅ ခုနှစ်၊မေလ၊(၈)ရက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)၊သဘာဝဘေးအန္တရာယ်ကူညီထောက်ပံ့ရေးလုပ်ငန်းအဖွဲ့(၄/၂၀၂၅)အစည်းအဝေးအား၊(၂၀၂၅)ခုနှစ်၊မေလ၊(၈)ရက်၊နေ့လယ် (၁:၃၀)အချိန်က ရန်ကုန်တိုင်းဒေသကြီး၊မဂ်လာတောင်ညွန့်မြို့နယ်၊ကန်တော်ကြီးပတ်လမ်းရှိ၊Esperado Lake View Hotel ၌ကျင်းပဆောင်ရွက်ခဲ့ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)ဥက္ကဌ ဦးဝဏ္ဏ မှ အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍(ဗဟို)ဒုတိယဥက္ကဌနှင့်သဘာဝဘေးအန္တရာယ်ကူညီထောက်ပံ့ရေးလုပ်ငန်းအဖွဲ့(ဥက္ကဌ)ဦးအောင်ဇော်ဝင်း(အစ္စလာမ်ဘာသာ)မှလုပ်ငန်းဆောင်ရွက်မှုများအားရှင်းလင်းပြောကြားခဲ့သည်။
ထပ်မံ (ဗဟို)နာယက ဒေါက်တာ ညွန့်လှ(ခရစ်ယာန်ဘာသာ)က အစည်းအဝေးအား၊သက်ဆိုင်ရာဘာသာအလိုက်စုံညီစွာတက်ရောက်လာမှုအပေါ်ဝမ်းမြောက်‌ကျေနပ်မိပါကြောင်းပြောကြားပြီး၊(ဗဟို)ဒုတိယ(ဥက္ကဌ)ဒေါက်တာ တူးတူး(ခရစ်ယာန်ဘာသာ)နှင့်သက်ဆိုင်ရာဘာသာအလိုက်အစည်းအဝေးတက်ရောက်လာသူများမှလုပ်ငန်းနှင့်ပတ်သက်သည့် သိရှိလိုသည်များကိုမေးမြန်းရာ၊သဘာဝ‌ဘေးအန္တရာယ်ကူညီထောက်ပံ့ရေးလုပ်ငန်းအဖွဲ့(ဥက္ကဌ)မှ ပြန်လည်ဖြေကြားပေးခဲ့သည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)အတွင်းရေးမှူး ဦးတင်မောင်လတ်(ဟိန္ဒူဘာသာ)၊(ဗဟို)အတွင်းရေးမှူး(၁)ဦးလှဝင်း(ခရစ်ယာန်ဘာသာ)၊(ဗဟို)အတွင်းရေးမှူး(၂)ဒေါက်တာ မျိုးဝင်း(ခရစ်ယာန်ဘာသာ)၊(ဗဟို)အထောက်အကူပြုအမျိုးသမီးရေးရာလုပ်ငန်းအဖွဲ့(ဥက္ကဌ)ဒေါ်ခင်မြသွေး၊(ဗဟို)စည်းရုံးရေးရာကော်မတီ၊အတွင်းရေးမှူး ဦးသန့်ဇင်လှိုင်၊(ဗဟို)အထောက်အကူပြုလူမှုရေးရာလုပ်ငန်းအဖွဲ့(ဥက္ကဌ)ဦးဇော်မိုးအောင်၊(ဗဟို)ဘဏ္ဏာရေးမှူး ဦးလှကြူ၊(ဗဟို)စာရင်းစစ် ဦးလှကျော် (ဗဟို)အလုပ်အမှုဆောင်များ၊ရန်ကုန်တိုင်းဒေသကြီး၊ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့၊ (အထွေထွေအတွင်းရေးမှူး) ဦးထွန်းထွန်းဦး ၂ နှင့်ခရိုင်၊မြို့နယ်များမှ အလုပ်အမှုဆောင်များတက်ရောက်ခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို)ဥက္ကဌ ကနိဂုံးချုပ်အမှာစကား၌ လိုအပ်သည်များကို ဖြည့်စွက်မှာကြားကာ အခမ်းအနားအား အောင်မြင်ပြီးမြောက်စွာဆောင်ရွက်နိုင်ခဲ့သည်။

ပြန်ကြားရေး(ဗဟို)
ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့

လိပ်စာ

No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.

အီးမေးလ်

info@idomyanmar.org

ဖုန်း

09-250 097 938, 09-694 003 109,
09-451 143 069