ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဗဟိုအလုပ်အမှုဆောင်လပတ်အစည်းအဝေး(၁/၂၀၂၅)ကို ၂၀၂၅ ခုနှစ်ဇန်နဝါရီလ ၂၅ ရက်တွင်၌ကျင်းပ
ရှေးဦးစွာ ဗဟိုဥက္ကဌဦးဝဏ္ဏက အဖွင့်အမှာစကားပြောကြားရာတွင် နေပြည်တော်၌ အခမဲ့မျက်စိကုသရေးဆောင်ရွက်ထား ရှိမှုများကိုလည်းကောင်း၊ ဗဟို/ပြည်တော်ကောင်စီနယ်မြေနှင့်ပြည်နယ်/တိုင်း/ခရိုင်နှင့်မြို့နယ်များမှ အလှူရှင်များအားလည်းကောင်း၊လုပ်အားဒါန တက်တက်ကြွကြွဖြင့် ပါဝင်ဆောင်ရွက်သူများကို ဂုဏ်ပြုဆုတံဆိပ် ပေးအပ်မည့် အစီအစဉ်များကိုလည်းကောင်း ဗဟိုစည်းရုံးရေးကော်မတီ ဖွဲ့စည်းရခြင်းနှင့် ပတ်သက်၍ အစီအစဉ်များကိုလည်းကောင်း ရှင်းလင်းပြောကြားပါသည်။
ဆက်လက်၍ ဘဏ္ဍာရေးမှူး ဦးလှကြူ က ရ/သုံးငွေစာရင်း ရှင်းတမ်းများကို ဖတ်ကြားတင်ပြပါသည်။ ဆက်လက်ပြီး အခမ်းအနားမှူးမှ ယခင်လက အစည်းအဝေးမှတ်တမ်းများကို ဖတ်ကြားတင်ပြပါသည်။
ထို့နောက် ဒုတိယဥက္ကဌနှင့်စည်းကမ်းထိန်းသိမ်းရေး နှင့်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ ဥက္ကဌ ဦးမျိုးမင်းဝင်းကလည်းကောင်း၊ ဒုတိယဥက္ကဌ ဦးဇော်ဇော်နိုင်ကလည်းကောင်း၊ဒုတိယဥက္ကဌနှင့် သဘာဝဘေးအန္တရာယ်ကူညီထောက်ပံ့ရေးလုပ်ငန်းအဖွဲ့ ဥက္ကဌ ဦးအောင်ဇော်ဝင်းကလည်းကောင်း၊အထွေထွေအတွင်းရေးမှူး ဦးဇွဲရန်နိုင်ကလည်းကောင်း၊လူမှုရေးရာလုပ်ငန်းအဖွဲ့ ဥက္ကဌဦးဇော်မိုးအောင်ကလည်းကောင်း၊အမျိုးသမီးရေးရာလုပ်ငန်းအဖွဲ့ ဥက္ကဌ ဒေါ်ခင်မြသွေးကလည်းကောင်း၊လူငယ်ရေးရာလုပ်ငန်းအဖွဲ့ဥက္ကဌ ဦးဥက္ကာဆန်းဆင့်ကလည်းကောင်း ဆွေးနွေးတင်ပြကြပြီး အထွေထွေဆွေးနွေးရာတွင် ရန်ကုန်တိုင်း ဥက္ကဌဦးထွန်းထွန်းဦးက ရန်ကုန်တိုင်းတွင် ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးတင်ကိုကိုကလူ့အခွင့်အရေးဟောပြောပွဲ စီစဉ်ဆောင်ရွက်ခဲ့ပုံများကိုလည်းကောင်း၊ဆွေးနွေးတင်ပြကြပါသည်။
ဗဟိုဥက္ကဌ ဦးဝဏ္ဏ က နိဂုံးချုပ်အမှာစကားပြောကြာရာတွင် အဖွဲ့ဝင်များ၏တင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းပြီးအစည်းအဝေးကို ညနေ(၁၄း၃၀)အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး” ရှိုင်းမိသားစု” မှ နေ့လည်စာမုန့်နှင့်လက်ဘက်ရည်များ တည်ခင်းဧည့်ခံကျွေးမွေးပါသည်။
လိပ်စာ
No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.
အီးမေးလ်
info@idomyanmar.org
ဖုန်း
09-250 097 938, 09-694 003 109,
09-451 143 069