ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့၊သင်္ဃန်းကျွန်းခရိုင်၏ ခရိုင်နှင့်မြို့နယ် အလုပ်အမှူဆောင်အစည်းအဝေး အမှတ်စဥ်( ၁/၂၀၂၅) ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၅ ရက် တွင်ကျင်းပ

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့၊သင်္ဃန်းကျွန်းခရိုင်၏ ခရိုင်နှင့်မြို့နယ် အလုပ်အမှူဆောင်အစည်းအဝေး အမှတ်စဥ်( ၁/၂၀၂၅) ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၅ ရက် စနေနေ့ နံနက် ၀၉း၀၀ နာရီ အချိန်တွင်တောင်ဥက္ကလာပမြို့နယ် ၊ ၅ ရပ်ကွက်၊တကောင်းလမ်းရှိ မြသိန်းတန် ဓမ္မာရုံတွင်ကျင်းပပြုလုပ်ရာ ခရိုင်နာယက ဦးလှစိန် နာယက ဦးဘနီ၊ခရိုင်ဥက္ကဌဦးကျော်စည်သူ၊ဒုဥက္ကဌဦးစံရှိန်၊ ဦးထွန်းထွန်း၊ခရိုင်အထွေထွေအတွင်းရေးမှူးဦးထွန်းထွန်းနိုင်၊အတွင်းရေးမှူးဦးလှဌေး၊ဦးမျိုးသူဟိန်း နှင့်ခရိုင်အလုပ်အမှူဆောင်များ၊တောင်ဥက္ကလာပမြို့နယ်ဥက္ကဌဦးတင်မိုးနှင့်အတွင်းရေးမှူးဦးစိန်ကျော်သင်း၊တာမွေမြို့နယ်ဥက္ကဌဦးရဲခေါင်နှင့်အတွင်းရေးမှူးဦးအောင်ညွန့်၊သင်္ဃန်းကျွန်းမြို့နယ်ဥက္ကဌဦးကျော်ကျော်ထွန်း၊ရန်ကင်းမြို့နယ်ဥက္ကဌဦးမောင်စိုး နှင့်အလုပ်အမှူဆောင်များတက်ရောက်ခဲ့ကြပါသည်။
အခမ်းအနား အစီအစဥ် အရ ပထမဦးစွာ နာယကကြီးများမှ နှုတ်ခွန်းဆက်စကားပြောကြားပြီး၊ခရိုင်ဦးကျော်စည်သူမှအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ဆက်လက်၍တက်ရောက်လာသော အလုပ်အမှူဆောင် များမှ အထွေထွေဆွေးနွေးတင်ပြခဲ့ကြပြီး အလှူရှင်များအားဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ပါသည်။အစည်းအဝေးဆုံးဖြတ်ချက်များကိုအတည်ပြုပြီးခရိုင်ဥက္ကဌ ဦးကျော်စည်သူ မှ နိဂုံးချုပ်စကားပြောကြား၍အစည်းအဝေး အား၁၁း၀၀ နာရီအချိန်တွင်အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။

လိပ်စာ

No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.

အီးမေးလ်

info@idomyanmar.org

ဖုန်း

09-250 097 938, 09-694 003 109,
09-451 143 069