ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(သင်္ဃန်းကျွန်းခရိုင်) က ကြီးမှူးပြုလုပ်သည့် ခရစ္စမတ်ပွဲတော်အခမ်းအနား ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ(၂၈)ရက်နေ့ ညနေပိုင်းတွင် ကျင်းပ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(သင်္ဃန်းကျွန်းခရိုင်) က ကြီးမှူးပြုလုပ်သည့် ခရစ္စမတ်ပွဲတော်အခမ်းအနား ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ(၂၈)ရက်နေ့ ညနေပိုင်းတွင် သင်္ဃန်းကျွန်းမြို့နယ်ရှိ ငြိမ်သက်ခြင်း ဧဝံဂေလိအသင်းတော်တွင် ကျင်းပပါသည်။
အခမ်းအနားသို့ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)မှဥက္ကဌ ဦးဝဏ္ဏ၊ဒုတိယဥက္ကဌဦးဇော်ဇော်နိုင်၊အတွင်းရေးမှူး(၂) ဒေါက်တာမျိုးဝင်း၊ ဗဟိုအထောက်အကူပြုအမျိုးသမီးရေးရာလုပ်ငန်းအဖွဲ့ ဥက္ကဌ ဒေါ်ခင်မြသွေးနှင့် အဖွဲ့ဝင်များ၊ ဗဟိုအထောက်အကူပြုလူမှုရေးရာလုပ်ငန်းအဖွဲ့ဥက္ကဌ ဦးဇော်မိုးအောင်နှင့်အဖွဲ့ဝင်များ၊ ဗဟိုအထောက်အကူပြုလူငယ်ရေးရာအဖွဲ့ဥက္ကဌ ဦးဥက္ကာဆန်းဆင့်၊ ဘဏ္ဍာရေးမှူး ဦးလှကြူနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ရန်ကုန်တိုင်းဒေသကြီး)မှ ဂုဏ်ထူးဆောင်နာယက ဒေါက်တာအေးမင်း၊ တွဲဖက်အတွင်းရေးမှူးများဖြစ်ကြသည့် ဦးဘာဘူလေး၊ဦးမိုးဇက်၊ဦးမျိုးဇော်၊ ဦးဘိုနီဝင်းနှင့် တိုင်းအလုပ်အမှုဆောင်များ၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(သင်္ဃန်းကျွန်းခရိုင်)မှ ဥက္ကဌ ဦးကျော်စည်သူ၊ ဒုတိယဥက္ကဌများဖြစ်ကြသည့် ဦးစံရှိန်၊ ဦးထွန်းထွန်း၊ ဟာဂျီဦးသိန်းဝင်း၊ အထွေထွေအတွင်းရေးမှူး ဥိးထွန်းထွန်းနိုင်နှင့် ခရိုင်အလုပ်အမှုဆောင်များ၊ရန်ကင်းမြို့နယ်ဥက္ကဋ္ဌ ဦးမောင်စိုး ၊တောင်ဥက္ကလာပမြို့နယ် ဥက္ကဋ္ဌဦးတင်မိုး၊ သင်္ဃန်းကျွန်းမြို့နယ် ဥက္ကဋ္ဌ ဦးကျော်ကျော်ထွန်း၊တာမွေမြို့နယ် ဥက္ကဋ္ဌဦးရဲခေါင် နှင့်မြို့နယ် အလုပ်အမှုဆောင်များ၊အထူးဧည်သည် တော်အဖြစ် သဃ်န်းကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူး စောမြိုင်အုန်းနှင့်တာမွေမြို့နယ် စီမံ/အုပ်ချုပ်အဖွဲ့ဝင်-၂ ဦးစည်သူမောင် တို့ တက်ရောက်ခဲ့ကြပါသည်၊

လိပ်စာ

No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.

အီးမေးလ်

info@idomyanmar.org

ဖုန်း

09-250 097 938, 09-694 003 109,
09-451 143 069