ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့ (ဗဟို) အလုပ်အမှုဆောင်စုံညီအစည်းအဝေး (၁၂/၂၀၂၄)ကို ဗဟိုအစည်းအဝေးခန်းမ၌ကျင်းပ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့ (ဗဟို) အလုပ်အမှုဆောင်စုံညီအစည်းအဝေး (၁၂/၂၀၂၄)ကို၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၈ ရက် စနေနေ့ နေ့လည် (၁)နာရီအချိန်တွင် ဗဟိုအစည်းအဝေးခန်းမ၌ ကျင်းပရာ ဗဟိုနာယကဦးကျော်ကျော်ဦး နှင့်ဗဟို ဥက္ကဋ္ဌ ဦးဝဏ္ဏနှင့်တို့က နှုတ်ခွန်းဆက်အမှာစကား ပြောကြားကြပါသည်။
ထို့ နောက် ဗဟိုဘဏ္ဍာရေးမှူးဦးလှကြူမှ ဘဏ္ဍာငွေစာရင်းများရှင်းလင်းတင်ပြပါသည်။ဗဟိုတွဲဖက် ဘဏ္ဍာရေးမှူး ဦးသန့်ဇင်လှိုင်မှ ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအား ဖတ်ကြားတင်ပြပါသည်။မြန်မာနိုင်ငံလူအခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးတင်ကိုကို က ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၇ ရက်နေ့ကျင်းပမည့် အစည်းအဝေးအကြောင်းရှင်းလင်းတင်ပြပါသည်။
ဆက်လက်၍ ဒုတိယ ဥက္ကဋ္ဌ ဦးဇော်ဇော်နိုင်၊ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်ဇော်ဝင်း၊ဗဟိုအထွေထွေအတွင်းရေးမှူး ဦးဇွဲရန်နိုင်၊ဗဟို အထောက်အကူပြုလူမှုရေးရာလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌဦးဇော်မိုးအောင်၊ ဗဟို အထောက်အကူပြုအမျိုးသမီးရေးရာလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌဒေါ်ခင်မြသွေး၊ဗဟို အထောက်အကူပြုလူငယ်ရေးရာလုပ် ငန်းအဖွဲ့ ဥက္ကဋ္ဌ ဦးဥက္ကာဆန်းဆင့်၊ဗဟိုအတွင်းရေးမှူး၂ ဒေါက်တာမျိုးဝင်း နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးခင်ဝေ တို့က ဆွေးနွေးတင်ပြခြင်း များပြုလုပ်ကြပါသည်။
ထို့နောက် ဗဟိုရံပုံငွေအဖြစ် ဗဟိုနာယက ဦးကျော်ကျော်ဦး က ငွေကျပ် ၃၀ သိန်း ကိုလည်းကောင်း၊ ဗဟိုအထွေထွေအတွင်းရေးမှူး ဦးဇွဲရန်နိုင် က ငွေကျပ် ၅ သိန်းကိုလည်းကောင်း လှူဒါန်း ကြရာ ဗဟိုဥက္ကဌ ဦးဝဏ္ဏ ကလက်ခံရယူခဲ့ပါသည်။
ထို့နောက် ဗဟိုဥက္ကဌဦးဝဏ္ဏ မှ တင်ပြမှုများအပေါ် ပေါင်းစပ်ညှိုနှိုင်းပေးပြီးနိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်။

လိပ်စာ

No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.

အီးမေးလ်

info@idomyanmar.org

ဖုန်း

09-250 097 938, 09-694 003 109,
09-451 143 069