ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ရန်ကုန်တိုင်းဒေသကြီး)၏အလုပ် အမှုဆောင်အဖွဲ့အစည်းအဝေး(၂/၂၀၂၄)ကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် တိုင်းအစည်းအဝေးခန်းမ၌ ကျင်းပ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ရန်ကုန်တိုင်းဒေသကြီး) ၏အလုပ်အမှုဆောင် အဖွဲ့ အစည်းအဝေး (၂/၂၀၂၄) ကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် တိုင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဥက္ကဌဦးထွန်းထွန်းဦးနှင့်ဒုဥက္ကဌ ဦးဝင်းမြင့် (ဗုဒ္ဓဘာသာ)၊ ဒု ဥက္ကဌ ဦးခင်မောင်ဇော်( အစ္စလာမ် ဘာသာ)၊အထွေထွေအတွင်းရေးမှူး ဦးထွန်းထွန်းဦး ၊ ဦးခင်ဝင်း(အတွင်းရေးမှူး၊ဗုဒ္ဓဘာသာ)၊ ဦးဇော်ဝင်းမောင်(အတွင်းရေးမှူး၊ ဟိန္ဒူဘာသာ)၊ဒေါက်တာဝင်းနိုင်(အတွင်းရေးမှူး၊အစ္စလာမ်ဘာသာ)၊ ဦးကျော်ဇင်သက်(ဘဏ္ဍာရေးမှူး)၊ ဦးအောင်သာဒိုး(ပြန်ကြားရေး)၊ ဦးဟန်ဝင်းအောင်(တွဲဘက်ဘဏ္ဍာရေးမှူး)၊ ဦးအောင်ထွဋ် (အလုပ်အမှုဆောင်)၊ ဦးမျိုးဝင်း(အလုပ်အမှုဆောင်)တို့ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် မဖွဲ့စည်းရသေးသည့် ခရိုင်/မြို့နယ်များ ဖွဲ့စည်းနိုင်ရေးဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို နေ့လည်(၁၁:၃၀)အချိန်တွင် အောင်မြင်စွာရုတ်သိမ်းခဲ့ကြပါသည်။

လိပ်စာ

No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.

အီးမေးလ်

info@idomyanmar.org

ဖုန်း

09-250 097 938, 09-694 003 109,
09-451 143 069