လုပ်ငန်းစဉ်များ
အထက်ပါရည်ရွယ်ချက်များ ထမြောက်အောင်မြင်စေရန်“အဖွဲ့အဆင့်ဆင့်က အောက်ပါ “လုပ်ငန်းစဉ်”များကို ဆောင်ရွက်ကြရမည်-
အဖွဲ့၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များကို နိုင်ငံတော်အတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် လက်တွေ့ကျသော စည်းရုံးရေး နည်းလမ်းများဖြင့် ဆောင်ရွက်ခြင်း။
ဘာသာအသီးသီး အပြန်အလှန် ချစ်ကြည်ရင်းနှီးမှု၊ လေးစားမှု၊ နားလည်မှုနှင့် ထောက်ထားစာနာမှုများ ရရှိစေရန် ဆောင်ရွက်ခြင်း။
ပြည်ထောင်စုမြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင်အထက်ပါရည်ရွယ်ချက်များနှင့် လုပ်ငန်းစဉ်များ အောင်မြင်စွာဆောင် ရွက်နိုင်ရေးအတွက် ဗဟို/ဌာနချုပ်၊ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့် ရပ်ကွက်/ကျေးရွာ“ဘာသာပေါင်းစုံ အဖွဲ့အဆင့်ဆင့်”ကို စနစ်တကျ ဖွဲ့စည်းဆောင်ရွက်ခြင်း။
ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးကို အခြေခံသောကို စာတမ်း ဖတ်ပွဲများ၊ ဟောပြောပွဲများ၊ Seminar များ ကျင်းပခြင်း၊ သင်တန်းများ ဖွင့်လှစ်ပို့ချခြင်း၊ စာအုပ်၊ စာတမ်း၊ စာစောင်များ၊ ဂျာနယ်များ ထုတ်ဝေခြင်း၊ ဖြန့်ချိခြင်း။
ဘာသာရပ်အသီးသီးနှင့်သက်ဆိုင်သောသာသနိကအဆောက်အအုံများ သန့်ရှင်းသာယာရေး၊ ပြင်ဆင်မွမ်းမံရေး၊ ရေရှည်တည်တံ့ရေး စသည့်ကိစ္စရပ်များအတွက် ကြိုးပမ်းဆောင်ရွက်ခြင်း။
အဖွဲ့အဆင့်ဆင့်တွင် ဘာသာပေါင်းစုံနှင့် ပတ်သက်သည့် စာအုပ်၊ စာတမ်း စသည့် စာပေပစ္စည်းများ ပြည့်ပြည့်စုံစုံဖြင့် ခေတ်မီ စာကြည့်တိုက်များ တည်ထောင်ရေး၊ ဘာသာပေါင်းစုံ လူအိုရုံများ၊ ဘာသာပေါင်းစုံ မိဘမဲ့ကလေးဂေဟာများ၊ ဘာသာပေါင်းစုံ စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခြင်း။
လိပ်စာ
No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.
အီးမေးလ်
info@idomyanmar.org
ဖုန်း
09-250 097 938, 09-694 003 109,
09-451 143 069