ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) မှ နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန ငလျင်ဘေးသင့် ဝန်ထမ်းများထံသို သွားရောက်လှူဒါန်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)ဥက္ကဌ ဦးဝဏ္ဏ ဦးဆောင်သော(ဗဟို)ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့နှင့်နေပြည်တော်ကောင်စီနယ်မြေ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့သည် (၂၀၂၅)ခုနှစ်၊မေလ၊၅ရက်၊ နေ့လယ်(၁၂:၃၀)အချိန်ခန့်က နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ငလျင်ဘေးကြောင့်အခက်အခဲရှိနေသော ဝန်ထမ်းမိသားစုများအတွက် အလှူငွေ သိန်း(၅၀)ကျပ်တိတိအားလှူဒါန်းခဲ့ကြသည်။
ရှေးဦးစွာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက နုတ်ခွန်းဆက်အမှာ စကားပြောကြားခဲ့သည်။
အခမ်းအနားသို့ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)မှဒုတိယဥက္ကဌ ဒေါက်တာ တူးတူး(ခရစ်ယာန်ဘာသာ)၊(ဗဟို) အထောက်အကူပြုအမျိုးသမီးရေးရာလုပ်ငန်းအဖွဲ့ ဥက္ကဌ ဒေါ်ခင်မြသွေး၊(ဗဟို) စည်းရုံးရေးရာကော်မတီ၊အတွင်းရေးမှူး ဦးသန့်ဇင်လှိုင်၊(ဗဟို) အလုပ်အမှုဆောင်များ၊နေပြည်တော်ကောင်စီနယ်မြေ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးအောင်နှင့်အလုပ်အမှုဆောင်များနှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
ထိုနောက်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)ဥက္ကဌ ဦးဝဏ္ဏက ငလျင်ဘေးသင့် ပြည်သူများ၊ဝန်ထမ်းများ၊အခက်အခဲရှိနေသောဒေသများသို့၎င်းတို့အဖွဲ့အနေဖြင့် အချိန်နှင့်တစ်ပြေးညီသွားရောက်လှူဒါန်းနိုင်ခဲ့ပါကြောင်း၊စက္ကုဒါနအနေဖြင့် နေပြည်တော်၊ရန်ကုန်တိုင်းတို့တွင်လည်းကောင်း၊ဒါနဥပ ပါရမီအဖြစ် သွေး လိုအပ်နေသောနေရာများ၊အမျိုးသားသွေးလှူဘဏ်(ရန်ကုန်)၊တပ်မတော်ဆေးရုံများသို့ အဖွဲ့အနေဖြင့်သွားရောက်လှူဒါန်းမှုများဆောင်ရွက်ခဲ့ပါကြောင်း၊နောက်နောင်တွင်လည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာလုပ်ငန်းများကို သက်ဆိုင်ရာတာဝန်ရှိသူများ၊မိတ်ဖက်အဖွဲ့အစည်းများနှင့်လက်တွဲ၍ လူသားအချင်းချင်းစာနာထောက်ထားသောအားဖြင့် မည်သည့်ဘာသာဝင်များဖြစ်ပါစေ၊ဘာသာအလိုက်ခွဲခြားခြင်းမရှိပဲ၊အစဉ်မပျက် ကူညီ စောင့်ရှောက် လှူဒါန်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးမှအလှူငွေအားလက်ခံရယူ၍ဂုဏ်ပြုမှတ်တမ်းပြန်လည်ပေးအပ်ကာ အခမ်းအနားပြီးမြောက်ခဲ့သည်။
ပြန်ကြားရေး(ဗဟို)
ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့
Republic of the Union of Myanmar Myanmar Interfaith Dialogue Organisation (Central) Donation to Earthquake-Affected Staff of the Ministry of Health, Nay Pyi Taw
On 5 May 2025, at around 12:30 PM, the Central Myanmar Interfaith Dialogue Organisation, led by Chairperson U Wunna, together with the Nay Pyi Taw Territory Interfaith Dialogue Organisation, donated 5 million MMK (exactly fifty lakh kyats) to assist the families of staff members from the Ministry of Health, Nay Pyi Taw, who have been affected by the recent earthquake. The donation ceremony was held at the meeting hall of the Ministry of Health.
At the beginning of the event, Union Minister of Health Dr. Thet Khine Win delivered a welcome and opening speech.
The ceremony was attended by Dr. Tu Tu (Christianity), Vice Chairperson of the Central Interfaith Dialogue Organisation; Daw Khin Myat Thwe, Chairperson of the Central Women’s Auxiliary Group; U Than Zinn Hlaing, General Secretary of the Central Organising Committee; executive members from both the Central and Nay Pyi Taw Territory Interfaith Dialogue Organisations, including U Myo Aung, Chairperson of Nay Pyi Taw Territory Interfaith Dialogue Organisation, as well as other responsible officials.
Following this, U Wanna, Chairperson of the Central Interfaith Dialogue Organisation, remarked that their organisation has always strived to provide timely assistance and donations to people, staff, and regions affected by natural disasters, including the earthquake-affected areas in Nay Pyi Taw and Yangon Region. He highlighted that the organisation has actively contributed to humanitarian causes such as blood donations to the National Blood Bank (Yangon) and military hospitals.
He further emphasised that moving forward, the organisation will continue to collaborate with responsible authorities and partner organisations in providing support to those in need—irrespective of religious affiliation—upholding a spirit of compassion, unity, and service to humanity.
The Union Minister officially accepted the donation and presented a certificate of honour, marking the successful conclusion of the ceremony.
Information and Public Relations Department (Central)
Myanmar Interfaith Dialogue Organisation
လိပ်စာ
No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.
အီးမေးလ်
info@idomyanmar.org
ဖုန်း
09-250 097 938, 09-694 003 109,
09-451 143 069