ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) မှ နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ငလျင်ဘေးသင့် ဝန်ထမ်းများထံသို့ သွားရောက်လှူဒါန်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)ဥက္ကဌ ဦးဝဏ္ဏ ဦးဆောင်သော(ဗဟို)ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့နှင့်နေပြည်တော်ကောင်စီနယ်မြေ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့သည် (၂၀၂၅)ခုနှစ်၊မေလ၊၂ရက်၊ နံနက်(၁၀:၃၀)အချိန်ခန့်က နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ အစည်းအဝေးခန်းမ၌ ငလျင်ဘေးကြောင့်အခက်အခဲရှိနေသော ဝန်ထမ်းမိသားစုများအား ဆန်၊ဆီ၊အစရှိသည်တို့ကိုလှူဒါန်းခဲ့ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးကိုကိုက နုတ်ဆက်အမှာ စကားပြောကြား၍ တာဝန်ရှိသူများကလည်း ကျေးဇူးတင်စကားများပြောကြားခဲ့ကြသည်။
အခမ်းအနားသို့ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)မှဒုတိယဥက္ကဌ ဒေါက်တာ တူးတူး(ခရစ်ယာန်ဘာသာ)၊(ဗဟို) အထောက်အကူပြုအမျိုးသမီးရေးရာလုပ်ငန်းအဖွဲ့ ဥက္ကဌ ဒေါ်ခင်မြသွေး၊အတွင်းရေးမှူးဒေါ်ခင်သီတာဇော်၊(ဗဟို) စည်းရုံးရေးရာကော်မတီ၊အတွင်းရေးမှူး ဦးသန့်ဇင်လှိုင်၊(ဗဟို) အလုပ်အမှုဆောင်များ၊နေပြည်တော်ကောင်စီနယ်မြေ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ အထွေထွေအတွင်းရေးမှူး ဒေါက်တာ မင်းမင်းကျော်နှင့်ဇနီး၊အလုပ်အမှုဆောင်များနှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
ထိုနောက်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)ဥက္ကဌ ဦးဝဏ္ဏက ငလျင်ဘေးသင့် ပြည်သူများ၊ဝန်ထမ်းများ၊အခက်အခဲရှိနေသောဒေသများသို့၎င်းတို့အဖွဲ့အနေဖြင့် အချိန်နှင့်တစ်ပြေးညီသွားရောက်လှူဒါန်းနိုင်ခဲ့ပါကြောင်း၊နောက်နောင်တွင်လည်းအဖွဲ့အနေဖြင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာလုပ်ငန်းများကို သက်ဆိုင်ရာတာဝန်ရှိသူများ၊မိတ်ဖက်အဖွဲ့အစည်းများနှင့်လက်တွဲ၍ လူသားအချင်းချင်းစာနာထောက်ထားသောအားဖြင့် မည်သည့်ဘာသာဝင်များဖြစ်ပါစေ၊ဘာသာအလိုက်ခွဲခြားခြင်းမရှိပဲ၊အစဉ်မပျက် ကူညီ စောင့်ရှောက် လှူဒါန်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်စိုးက လှူဒါန်းပစ္စည်းများကိုလက်ခံယူခဲ့ပြီး အမှတ်တရ မှတ်တမ်းဓာတ်ပုံများရိုက်ကာ အခမ်းအနားကိုအောင်မြင်ပြီးမြှောက်ဆောင်ရွက်နိုင်ခဲ့သည်။
ပြန်ကြားရေး(ဗဟို)
ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့
Republic of the Union of Myanmar Central Myanmar Interfaith Dialogue Organisation Donation Visit to Earthquake – Affected Staff Members at the Union Election Commission Office, Nay Pyi Taw
On 2 May 2025, at approximately 10:30 AM, a delegation led by U Wunna, Chairman of the Central Myanmar Interfaith Dialogue Organisation, together with members of the Nay Pyi Taw Council Territory Interfaith Dialogue Organisation, visited the Union Election Commission Office in Nay Pyi Taw to provide donations of essential supplies — including rice, cooking oil, and other necessities — to the families of staff members affected by the recent earthquake.
The ceremony began with welcome remarks from U Ko Ko, Chairman of the Union Election Commission, followed by expressions of gratitude from officials.
The event was attended by Dr. Tu Tu (Christian faith), Vice Chairperson of the Central Organisation; Daw Khin Mya Thwe, Chairperson of the Central Women’s Support Committee; Daw Khin Thida Zaw, General Secretary; U Thant Zin Hlaing, Secretary of the Central Organising Committee; Central Executive Members; Dr. Min Min Kyaw and his spouse, General Secretary of the Nay Pyi Taw Council Territory Interfaith Organisation; as well as other executive members and officials.
During the event, U Wunna, Chairman of the Central Organisation, expressed that their organisation had been able to promptly extend support to people and staff affected by the earthquake and in other challenging regions. He reaffirmed that, going forward, the organisation will continue to cooperate with relevant authorities and partner organisations in carrying out humanitarian relief activities — supporting all individuals, regardless of religion, with compassion and without discrimination.
Subsequently, U Kyaw Kyaw Soe, Deputy Director General of the Union Election Commission, formally accepted the donated supplies. Commemorative photographs were taken, and the ceremony concluded successfully.
Information and Public Relations Department (Central)
Myanmar Interfaith Dialogue Organization
လိပ်စာ
No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.
အီးမေးလ်
info@idomyanmar.org
ဖုန်း
09-250 097 938, 09-694 003 109,
09-451 143 069