ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ၊လှည်းကူးခရိုင် နှင့် လှည်းကူးမြို့နယ် အလုပ်အမှုဆောင်အစည်းအဝေး အမှတ်စဥ်(၃/ ၂၀၂၅ )ကို ( ၂၆. ၄. ၂၀၂၅ )ရက်တွင် ခရိုင်ရုံး အစည်းအဝေးခန်းမ၌ကျင်းပ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ၊လှည်းကူး ခရိုင် နှင့် လှည်းကူး မြို့နယ် အလုပ်အမှုဆောင် အစည်းအဝေး အမှတ်စဥ် (၃/ ၂၀၂၅ )ကို ( ၂၆. ၄. ၂၀၂၅ )ရက် စနေနေ့ နံနက် (၉)နာရီအချိန်တွင် ခရိုင်ရုံး အစည်းအဝေးခန်းမ၌ကျင်းပခဲ့ပါသည်။
အစည်းအဝေးသို့ ခရိုင် ဥက္ကဌ ဦးကျော်စိုးဝင်း၊ ဘာသာ(၄)ခုမှ ဒု ဥက္ကဌများ ၊ အထွေထွေအတွင်းရေးမှူး ဦးဘီနီကူးမား ၊ခရိုင်အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ မြို့နယ် ဥက္ကဌ ဦးကျော်အောင် ၊ ဘာသာ(၄) ခုမှ ဒု ဥက္ကဌများ၊ အထွေထွေအတွင်းရေးမှူးဦးမြစိုးကြွယ်၊ မြို့နယ်အလုပ်အမှုဆောင်များတက်ရောက်ကြပြီး ရှေ့လုပ်ငန်းစဉ်များတိုးတက်ရေး၊ အဖွဲ့ဝင်များတိုးပွားလာရေး၊ အဆောက်အဦးအတွက် ရရှိပြီးငွေကြေးနှင့် သုံးစွဲထားရှိငွေကြေးများရှင်းလင်းတင်ပြခြင်း ၊ရုံးအဆောက်အဦး အမြန်ဆုံးပြီးစီး၍ ရုံးခန်းဖွင့်လှစ်နိုင်ရေး တို့ ကို အပြန်အလှန်ညှိနှိုင်းဆွေးနွေးကြပါသည်၊။
ထို့နောက် ခရိုင် ဥက္ကဌမှ နိဂုံးချုပ်အမှာစကားပြောကြားပြီး ခရိုင်နှင့် မြို့နယ် အလုပ်အမှုဆောင် အစည်းအဝေးကို နေ့လည် (၁၂)နာရီအချိန်တွင်အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။

လိပ်စာ

No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.

အီးမေးလ်

info@idomyanmar.org

ဖုန်း

09-250 097 938, 09-694 003 109,
09-451 143 069