ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဘာသာပေါင်းစုံချစ်ကြည်ညီညွှတ်ရေးအဖွဲ့ မဂ်လာဒုံခရိုင် က ကြီးမှူးကျင်းပသော ဖူဆယ်ဘောလုံးပြိုင်ပွဲကို ရွှေပြည်သာမြို့နယ်အမှတ်၂၃ ရပ်ကွက်ရှိ ဂျွန်ကင်းဖူဆယ်ဘောလုံးကွင်း၌၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျင်းပ

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကိုဂုဏ်ပြုကြိုဆို သောအားဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဘာသာပေါင်းစုံချစ်ကြည်ညီညွှတ်ရေးအဖွဲ့ မဂ်လာဒုံခရိုင် က ကြီးမှူးကျင်းပသော ( မဂ်လာဒုံခရိုင် ဥက္ကဋ္ဌ ဖလား )ဖူဆယ်ဘောလုံးပြိုင်ပွဲကို ရွှေပြည်သာမြို့နယ်အမှတ်၂၃ ရပ်ကွက်ရှိ ဂျွန်ကင်းဖူဆယ်ဘောလုံးကွင်း၌၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက် ကြာသပ တေး နေ့ နံနက်ပိုင်း တွင် ကျင်းပပြုလုပ် ခဲ့ပါသည်။

အခမ်းအနား သို့ ရွှေပြည်သာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမြင့်ဦး၊မြို့နယ် စီမံ( ၁) ဗိုလ်မှူးသိန်းလှိုင်၊ စီမံ( ၂)ဦးဝင်းလှိုင်၊ မြို့နယ်ရဲတပ်ဖွဲမှူးဦးဇော်နိုင်ဦး၊မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးဦးညွန့်ဝင်း၊မြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးသိန်းနိုင်၊ အတွင်းရေးမှူးဦးတေဇာလင်း နှင့် မြို့နယ်ကော်မတီဝင်များ၊ ဌာနဆိုင်ရာအဖွဲ့စည်းများ ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေး အဖွဲ့ဝင်များ တက်ရောက်အားပေးခဲ့ကြပါသည်။အဆိုပါဘောလုံးပြိုင်ပွဲအားပြိုင်ပွဲဝင် အသင်း(၈)သင်းဖြင့်ယှဥ်ပြိုင်ကစားကြပါသည်။

အခမ်းအနား ကို နံနက်၈နာရီတွင်ဖွင့်လှစ်ပြီး ညနေ၄နာရီတွင် ပြီးဆုံး၍ ဆုများပေးအပ်ကာအောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။

လိပ်စာ

No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.

အီးမေးလ်

info@idomyanmar.org

ဖုန်း

09-250 097 938, 09-694 003 109,
09-451 143 069