ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာ ပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဗဟိုဥက္ကဌ ဦးဝဏ္ဏ နှင့် အလုပ်အမှုဆောင် များ သည်မှော်မဘီခရိုင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ မှ ကြီးမှူးကျင်းပသည့်”ခရိုင်အဆင့်ခရစ်စမတ်ပွဲတော်”သို့ တက်ရောက်ချီးမြှင့်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာ ပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဗဟိုဥက္ကဌ ဦးဝဏ္ဏ နှင့် အလုပ်အမှုဆောင် များ သည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက် စနေနေ့ ညနေ ၃ နာရီအချိန် တွင် မှော်ဘီမြို့ မြို့ဂုဏ်ရောင်ခန်းမ၌ ကျင်းပသည့် မှော်မဘီခရိုင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ မှ ကြီးမှူးကျင်းပသည့်”ခရိုင်အဆင့်ခရစ်စမတ်ပွဲတော်”သို့ တက်ရောက်ချီးမြှင့်အားပေးခဲ့ပါသည်။
အခမ်းအနားသို့ဗဟိုဥက္ကဋ္ဌ ဦးဝဏ္ဏ၊ဒု ဥက္ကဋ္ဌဦးဇော်ဇော်နိုင်၊ဗဟို အထွေထွေအတွင်းရေးမှူး ဦးဇွဲရန်နိုင်၊ရန်ကုန်တိုင်းဒေကြီး ဥက္ကဋ္ဌ ဦးထွန်းထွန်းဦး၊ဗဟို အထောက်အကူပြုလူမှုရေးရာလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌဦးဇော်မိုးအောင်၊ဗဟို အထောက်အကူပြုအမျိုးသမီးရေးရာလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်မြသွေး၊ ဗဟို အထောက်အကူပြုလူငယ်ရေးရာလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဦးဥက္ကာဆန်းဆင့်၊၊ဗဟို ဘဏ္ဍာရေးမှူးဦးလှကြူ ၊ရန်ကုန်တိုင်း အတွင်းရေးမှူး ဦးမိုးဇက် ၊ဥိးဘိုနီဝင်း၊တိုင်း တွဲဘက် ဘဏ္ဍာရေးမှူး ဦးကျော်ဇင်လတ်၊ ဗဟိုအလုပ်အမှုဆောင်များ၊အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊အင်းစိန်ခရိုင် ဥက္ကဋ္ဌဦးကျော်လင်းနိုင် ၊သင်္ဃန်းကျွန်းခရိုင်ဦးကျော်စည်သူ နှင့်လှည်းကူးခရိုင် ဥက္ကဋ္ဌဦးကျော်စိုးဝင်း၊မှော်ဘီခရိုင် ဥက္ကဋ္ဌ ဦးသန့်ဇော်မင်းထိုက်နှင့်ခရိုင်အလုပ် အမှုဆောင်များ၊မှော်ဘီမြို့နယ်ဥက္ကဌနှင့်မြို့နယ်အလုပ်အမှု ဆောင်များ၊ထန်းတပင်မြို့နယ်ဥက္ကဌနှင့် မြို့နယ်အလုပ်အမှု ဆောင်များ၊ခရစ်ယာန်ဘာသာရေးအသင်းအဖွဲ့များမှ အသင်းဝင်များနှင့်ဖိတ်ကြားထားသောအထူးဧည့်သည်တော်များဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပါသည်။
ဗဟို အထောက်အကူပြုအမျိုးသမီးရေးရာ ဥက္ကဋ္ဌဒေါ်ခင်မြသွေး နှင့် ဗဟို အဖွဲ့ ဝင်များ က အကအဖွဲ့များကို ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ပါသည်။

လိပ်စာ

No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.

အီးမေးလ်

info@idomyanmar.org

ဖုန်း

09-250 097 938, 09-694 003 109,
09-451 143 069