ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ ဗဟို ဥက္ကဋ္ဌ ဦးဝဏ္ဏနှင့်အဖွဲဝင်များသည် မြန်မာနိုင်ငံဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်ကကျင်းပသော ခရစ်စမတ်အကြို ညစာစားပွဲ အခမ်းအနားသို့ တက်ရောက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ ဗဟို ဥက္ကဋ္ဌ ဦးဝဏ္ဏနှင့်အဖွဲဝင်များသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့ညနေ(၃)နာရီအချိန် တွင် ရန်ကုန်မြို့ မဂ်လာဒုံမြို့နယ်ပုလဲမြို့သစ် ကာယ ၆ လမ်းအမှတ်၁၄၄/၁၄၅ ရှိ UBS Campus ခန်းမ၌မြန်မာနိုင်ငံဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်ကကျင်းပသော ခရစ်စမတ်အကြို ညစာစားပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်
ထိုအခန်းအနားသို့ဗဟို ဥက္ကဋ္ဌ ဦးဝဏ္ဏ၊ဗဟိုဘဏ္ဍာရေးမှူး ဦးလှကြူ၊ပြန်ကြားရေးမှူး ဦးအောင်မျိုးသန့်၊တွဲဖက်ဘဏ္ဍာရေးမှူးဦးသန့်ဇင်လှိုင်၊လူမှုရေးရာလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မိုးအောင်၊အမျိုးသမီးရေးရာလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌဒေါ်ခင်မြသွေးနှင့် ဗဟိုအလုပ်အမှုဆောင်များ၊အမျိုးသမီးရေးရာလုပ်ငန်းအဖွဲ့ဝင်များ တက်ရောက်ကြပါသည်။