ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ရန်ကုန်တိုင်းဒေသကြီး)အလုပ်အမှုဆောင်များ ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနား

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ရန်ကုန်တိုင်းဒေသကြီး)အလုပ်အမှုဆောင်များ ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားကို ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ(၉)ရက်(စနေနေ့)နံနက်(၁၀း၀၀)နာရီအချိန်တွင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)ရုံးတွင် ကျင်းပပြုလုပ်ပါသည်။
အခမ်းအနားသို့ ဗဟိုဥက္ကဌ ဦးဝဏ္ဏ၊ ဗဟိုဒုတိယဥက္ကဌ ဦးဇော်ဇော်နိုင်(ဟိန္ဒူဘာသာ)၊ ဗဟိုအထွေထွေအတွင်းရေးမှူး ဦးဇွဲရန်နိုင်၊ ရန်ကုန်တိုင်း ဒေသကြီး ဥက္ကဌဦးထွန်းထွန်းဦး၊ ဗဟိုအမျိုးသမီးရေးရာလုပ်ငန်းအဖွဲ့ဥက္ကဌ ဒေါ်ခင်မြသွေး၊ တိုင်းဒုတိယဥက္ကဌများဖြစ်ကြသည့် ဒေါက်တာမိုးဇက်အောင်(ခရစ်ယာန်ဘာသာ)၊ ဦးခင်မောင်ဇော်(အစ္စလာမ်ဘာသာ)၊တိုင်းအတွင်းရေးမှူးများဖြစ်ကြသည့် ဦးခင်ဝင်း(ဗုဒ္ဓဘာသာ)၊ဦးဇော်ဝင်းမောင်(ဟိန္ဒူဘာသာ)၊ ဦးဖရန်စစ်(ခရစ်ယာန်ဘာသာ)၊ ဦးရွှေမောင်(အစ္စလာမ်ဘာသာ)၊ တွဲဖက်အတွင်းရေးမှူးများဖြစ်ကြသည့် ဦးဘာဘူလေး(ဟိန္ဒူဘာသာ)၊ ဦးမိုးဇက်(ခရစ်ယာန်ဘာသာ)၊ ဦးမျိုးဇော်(ခရစ်ယာန်ဘာသာ)၊ ဦးဘိုနီဝင်း(အစ္စလာမ်ဘာသာ)နှင့် တိုင်းအလုပ်အမှုဆောင်များတက်ရောက်ကြသည်။
အခမ်းအနားတွင် ဗဟိုဥက္ကဌ ဦးဝဏ္ဏက အဖွင့်အမှာစကားပြောကြားကာ တိုင်းအလုပ်အမှုဆောင်များအား ခန့်အပ်လွာများပေးအပ်ကြပြီး တိုင်းဥက္ကဌ ဦးထွန်းထွန်းဦးက ကျေးဇူးတင်စကားပြောကြား၍ အခမ်းအနား ကို နေ့လည် (၁၁း၃၀)အချိန်တွင် အောင်မြင်စွာရုတ်သိမ်းခဲ့ကြပါသည်။

အခမ်းအနား ဂုဏ်ပြု နေ့လည်စာအဖြစ် တိုင်းအလုပ်အမှုဆောင် (ခရစ်ယာန်ဘာသာ)များက ထောပတ်ထမင်း၊ ကြက်သားဟင်းနှင့် ရေခဲမုန့်တို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။

လိပ်စာ

No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.

အီးမေးလ်

info@idomyanmar.org

ဖုန်း

09-250 097 938, 09-694 003 109,
09-451 143 069