ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ သင်္ဃန်းကျွန်းခရိုင် ၏ ခရိုင်နှင့် မြို့နယ်များမှ အလုပ်အမှုဆောင်အစည်းအဝေးကျင်းပ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ သင်္ဃန်းကျွန်းခရိုင် ၏ ခရိုင်နှင့် မြို့နယ်များမှ အလုပ်အမှုဆောင်အစည်းအဝေး( ၇/၂၀၂၄ ) ကို အမှတ်၂၂ ၊ ဘောဂလမ်း၊(ဂ)ရပ်ကွက်၊သင်္ဃန်းကျွန်းမြို့နယ်ရှိ(အခြေခံဘာသာရေးစာသင်ကျောင်း)တွင်၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၆ ရက် စနေနေ့ နံနက်(၁၀း၀၀ )နာရီ ၌ စတင်ကျင်းပရာခရိုင်ဥက္ကဌ ဦးကျော်စည်သူမှအဖွင့်အမှာစကားပြောကြားပြီးခရိုင်နာယကကြီးဦးဘနီမှကြိုဆိုနုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။ အစည်းအဝေး သို့ ခရိုင်ဒုဥက္ကဌ ဦးစံရှိန် (ဗုဒ္ဓဘာသာ)၊ခရိုင် ဒုဥက္ကဌဦးထွန်းထွန်း(ဟိန္ဒူဘာသာ)၊ခရိုင်အထွေထွေအတွင်းရေးမှူးဦးထွန်းထွန်းနိုင်နှင့်ခရိုင်အလုပ်အမှုဆောင်များ၊တောင်ဥက္ကလာပမြို့နယ်ဥက္ကဌ ဦးတင်မိုး ၊တာမွေမြို့နယ်ဥက္ကဌဦးရဲခေါင်၊ရန်ကင်းမြို့နယ်ဥက္ကဌဦးမောင်စိုး၊သင်္ဃန်ကျွန်းမြိုနယ်အတွင်းရေးမှူးဦးအောင်စိုးမိုး နှင့်မြို့နယ်ဟိန္ဒူဘာသာဝင် ဒုဥက္ကဌ နှင်အတွင်းရေးမှူးများ၊စုစုပေါင်းအင်အား(၃၀)ဦး တက်ရောက်ခဲ့ကြပါသည်။ ယနေ့အစည်းအဝေးတွင်ဟိန္ဒူရိုးရာ ဆီမီးပူဇော်ပွဲကျင်းပနိုင်ရေးအတွက်ဆွေးနွေးကြရာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၉ ရက် စနေနေ့ တွင်ကျင်းပရန်ဆုံးဖြတ်ခဲ့ကြပြီး ခရိုင်ဒုဥက္ကဌ ဦးထွန်းထွန်း(ဟိန္ဒူဘာသာ)မှဆီမီးပူဇော်ပွဲ အတွက်ကျပ်သိန်းနှစ်ဆယ်တိတိအား မတည်လှူဒါန်းခဲ့ပါသည်။ ယနေ့ အစည်းအဝေးဧည့်ခံစရိတ် ကို ခရိုင်အတွင်းရေးမှူး ဦးအောင်ကိုကိုဖုန်း
(အစ္စလာမ်ဘာသာ)မှလှူဒါန်းခဲ့ပါသည်။ အစည်းအဝေးကို(၁၁း၃၀)နာရီတွင်အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။

လိပ်စာ

No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.

အီးမေးလ်

info@idomyanmar.org

ဖုန်း

09-250 097 938, 09-694 003 109,
09-451 143 069