ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ရန်ကုန်တိုင်းဒေသကြီး)၏ (ဆဋ္ဌမ)အကြိမ် ကျင်းပပြုလုပ်မည့် စုပေါင်းသွေးလှူဒါန်းပွဲဖြစ်မြောက်ရေး ညိနှိုင်းအစည်းအဝေးကျင်းပ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ရန်ကုန်တိုင်းဒေသကြီး)၏ (ဆဋ္ဌမ)အကြိမ် ကျင်းပပြုလုပ်မည့် စုပေါင်းသွေးလှူဒါန်းပွဲဖြစ်မြောက်ရေး ညိနှိုင်းအစည်းအဝေးအား ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(၇)ရက်နေ့ နံနက်(၁၀)နာရီအချိန် တွင် ရန်ကုန်တိုင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။အစည်းအဝေးသို့ ရန်ကုန်တိုင်းဥက္ကဌ ဦးထွန်းထွန်းဦး၊ ဒုတိယဥက္ကဌများဖြစ်ကြသည့် ဦးဝင်းမြင့်၊ ဦးတင်ရွှေ၊ဦးခင်မောင်ဇော်၊ အထွေထွေအတွင်းရေးမှူး ဦးထွန်းထွန်းဦး၊ အတွင်းရေးမှူးများဖြစ်ကြသည့် ဦးခင်ဝေ၊ဦးဇော်ဝင်းမောင်၊ဦးရွှေမောင်၊ တွဲဖက်အတွင်းရေးမှူး ဦးမျိုးဇော်၊ ဘဏ္ဍာရေးမှူး ဦးဟန်ဝင်းအောင်နှင့်တိုင်းအလုပ်အမှုဆောင်များ၊ ခရိုင်အသီးသီးမှ ဥက္ကဌများနှင့်ဒုတိယဥက္ကဌများတက်ရောက်ခဲ့ကြပြီး သွေးလှူဒါန်းပွဲနှင့်ပတ်သက်သည်များ ဆွေးနွေးခဲ့ကြပြီး သွေးလှူဒါန်းပွဲအတွက် အလှူငွေများ ထည့်ဝင်လှူဒါန်းကြကာ အစည်းအဝေးအား နေ့လယ်(၁၂)နာရီအချိန်တွင် အောင်မြင်စွာရုတ်သိမ်းခဲ့ကြပါသည်။
လိပ်စာ
No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.
အီးမေးလ်
info@idomyanmar.org
ဖုန်း
09-250 097 938, 09-694 003 109,
09-451 143 069