ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ပဲခူးတိုင်းဒေသကြီးဥက္ကဌ ဦးဆန်နီ နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များသည် ပဲခူးတိုင်းဒေသကြီး၊ပဲခူးမြို့ သဘာဝဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ကွပ်ကဲမှုရုံး သို့ ငွေ ကျပ် ဆယ်သိန်းတိတိ သွားရောက်လှူဒါန်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ပဲခူးတိုင်းဒေသကြီးဥက္ကဌ ဦးဆန်နီ နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များသည် ပဲခူးတိုင်းဒေသကြီး၊ပဲခူးမြို့ ၊ရွှေမော်ဓောဘုရားလမ်း၊ရွှေမော်ဓောဘုရားဝင်းအတွင်းရှိ ဓမ္မဗိမာန်တွင်ဖွင့်လှစ်ထားရှိသော သဘာဝဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ကွပ်ကဲမှုရုံး သို့ ငွေ ကျပ် ဆယ်သိန်းတိတိ ကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့၁၁း၃၀ နာရီ အချိန်တွင် သွားရောက်လှူဒါန်းရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့သည်။

လိပ်စာ

No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.

အီးမေးလ်

info@idomyanmar.org

ဖုန်း

09-250 097 938, 09-694 003 109,
09-451 143 069