ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဗဟို ၏ ၇/၂၀၂၄ လစဉ်ပုံမှန်အစည်းအဝေး ကျင်းပ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဗဟို ၏ ၇/၂၀၂၄ လစဉ်ပုံမှန်အစည်းအဝေးကို ၂၇/၇/၂၀၂၄နေ့ နေ့လည်၁နာရီတွင် ဗဟိုအစည်းအဝေးခန်းမ၌ကျင်းပရာ ဗဟို ဥက္ကဌ ဦးဝဏ္ဏ မှ အဖွင့်အမှာစကားပြောကြားပါသည် ။ ဆက်လက်၍ ဒုတိယ ဦးအောင်ဇော်ဝင်းမှ ဦးဆောင်ဆွေး‌နွေး ပြောကြားပါသည်။ ဗဟိုဥက္ကဌ ဦးဝဏ္ဏ မှအဖွဲ့၏ လုပ်ဆောင်ခဲ့မှုများကို ရုပ်ပုံဆလိုက်ထိုး၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ တက်ရောက်လာသည့် လုပ်ငန်းရေးရာ ဥက္ကဌများဖြစ်ကြသည့် အမျိုးသမီးရေးရာ ဥက္ကဌ ဒေါ်ခင်မြ‌‌သွေး၊ လူမှုရေးရာ ဥက္ကဌ ဦး‌‌ ဇော်မိုးအောင်တို့မှ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများကို တင်ပြဆွေးနွေးကြပြီး ဘဏ္ဌာ‌ေရးမှူး ဦးလှကြူ မှ ‌ငွေစာရင်း ရှင်းတမ်းဖတ်ကြားတင်ပြ အတည်ပြုခဲ့ကြပါသည်။ အထွေထွေ အတွင်းရေးမှူး ဦးခင်ဝေ မှ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြရာ တက်ရောက်လာသူများမှ ရင်းနှီးပွင့်လင်းစွာ ဝိုင်းဝန်းဆွေးနွေးကြပြီး ညနေ ၃:၃၀ တွင်အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။အဆိုပါ အစည်းအဝေး ကို ဗဟိုစီမံကော်မတီဝင်များ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟို အဖွဲ့ဝင်များ စုံညီစွာ တက်ရောက်ခဲ့ကြပါသည်။

လိပ်စာ

No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.

အီးမေးလ်

info@idomyanmar.org

ဖုန်း

09-250 097 938, 09-694 003 109,
09-451 143 069