ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့သည် ဗဟန်းမြို့နယ်၊ဝင်္ကဘာလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသို့သွားရောက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့သည် ဗဟန်းမြို့နယ်၊ဝင်္ကဘာလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး သို့ ၂၀၂၄ ခုနှစ်‌ဇွန်လ ၄ ရက်နေ့ နံနက် ၁၁:၃၀တွင် သွားရောက်ပြီး ဗဟိုဥက္ကဌ ဦးဝဏ္ဏမှ မိတ်ဆက်စကားပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမိသားစုဝင်များ၏ ပညာရေးထောက်ပံ့မှုအတွက် ဗဟိုဥက္ကဌ ဦးဝဏ္ဏ နှင့် ဒေါက်တာအောင်မိုး တို့က ငွေကျပ် သုံးသိန်းလှူဒါန်းခဲ့ရာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးကြည်စိုးထွန်း၊ နာယက ဦးအောင်လွင်နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များမှ လက်ခံရယူခဲ့ပါသည်။
ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဗဟိုအထောက်အကူပြု အမျိုးသမီးရေးရာလုပ်ငန်းအဖွဲ့ ဥက္ကဌ ဒေါ်ခင်မြသွေး က ငွေကျပ်တစ်သိန်းထပ်မံလှူဒါန်းခဲ့ပြီး၊ အဆိုပါအခမ်းအနားသို့ အမျိုးသမီးရေးရာ ဒုတိယဥက္ကဌ ဒေါ်ဝင်းဝင်းသန်းလည်း တက်ရောက်ခဲ့ပါသည်။

လိပ်စာ

No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.

အီးမေးလ်

info@idomyanmar.org

ဖုန်း

09-250 097 938, 09-694 003 109,
09-451 143 069