ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) ၏ ဦးဆောင်မှုဖြင့် တတိယ အကြိမ်မြောက် စက္ကုဒါန

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) ၏ ဦးဆောင်မှုဖြင့် တတိယ အကြိမ်မြောက် စက္ကုဒါန မျက်စိအလင်းရရှိနိုင်ရေးအတွက် မျက်စိဝေဒနာရှင် ၁၄၄ ဦး အား တောင်ဒဂုံမြို့နယ်၊ ရတနာ မျက်စိဆေးရုံ ၌ ၂၀၂၄ ခုနှစ် မေလ ၉ ရက်နေ့ နေ့ မနက်ပိုင်းတွင် စမ်းသပ်စစ်ဆေးခဲ့ရာ ခွဲစိပ်ကုသမှု ခံယူရမည့် မျက်စိဝေဒနာရှင် ၅၄ဦး တွေ့ရှိရပါသည်။
အဆိုပါ ခွဲစိပ်ကုသရမည့် မျက်စိဝေဒနာရှင် များအနက် ၂၀၂၄ ခုနှစ် မေလ ၁၂ ရက် နေ့တွင် ၄၄ ဦး၊ ၂၀၂၄‌ ခုနှစ် မေလ ၁၃ ရက် နေ့တွင် ၁၀ ဦး ခွဲစိတ်ကုသမည်ဖြစ်ပါသည်။
တတိယအကြိမ် မျက်စိစမ်းသပ်စစ်ဆေး ခွဲစိတ်ကုသမှု အတွက် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဟိန္ဒူ) မှ ပံ့ပိုး လှူဒါန်းခဲ့ပြီး၊ ဗဟိုအထောက်အကူပြု အမျိုးသမီးရေးရာလုပ်ငန်းအဖွဲ့မှ စီစဉ်ကြီးကြပ်‌ပေးခဲ့ပါသည်။

လိပ်စာ

No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.

အီးမေးလ်

info@idomyanmar.org

ဖုန်း

09-250 097 938, 09-694 003 109,
09-451 143 069