ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ စတုဒိသာ အလှူတော် ( စတုတ္ထနေ့ ) အခမ်းအနား

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ စတုဒိသာ အလှူတော် ( စတုတ္ထနေ့ ) အခမ်းအနား ကို ၂၀၂၄ ခုနှစ် ဧပြီလ ၁၆ ရက်မဟာသင်္ကြန် အတက် နေ့ မနက် ၉ နာရီ ၄၅ မိနစ်တွင် ရွှေတိဂုံ ဘုရား အနောက်ဘက်စောင်းတန်းအနီးရှိ စတုဒိသာ မဏ္ဍပ် နေရာတွင် ကျင်းပပြုလုပ်၍ ဘုရားဖူးလာရောက်ကြသူ ပြည်သူ ဦးရေ ၁၂၀၀ အတွက် ကြက်ဆီထမင်း အာဟာရဒါနနှင့် ရေသန့် အလှူ ပေးအပ်လှူဒါန်းခဲ့ပါသည်။
အဆိုပါလှူဒါန်းပွဲအခမ်းအနားသို့ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေး ဗဟိုဥက္ကဌ ဦးဝဏ္ဏ၊ ဒုတိယဥက္ကဌ ဦးဇော်ဇော်နိုင်၊ ရန်ကုန်တိုင်း ဥက္ကဌ ဦးထွန်းထွန်းဦး၊ ဗဟိုလူမှုရေးရာလုပ်ငန်း ဥက္ကဌ၊အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဗဟို အမျိုးသမီးရေးရာ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဗဟိုအလုပ်အမှူဆောင်များ၊ရန်ကုန်တိုင်း ဒု ဥက္ကဌ ဦးခင်မောင်ဇော်၊ ဒု ဥက္ကဌ ဦးတင်ရွှေ ၊တိုင်း အထွေထွေ အတွင်းရေးမှုး ဦးထွန်းထွန်းဦး နှင့် တိုင်း အလုပ်အမှုဆောင်များ၊ ခရိုင် အသီးသီးမှ ဥက္ကဌ ၊ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ဝင်များ တက်ရောက်ကြပြီး လူမျိုး ဘာသာ မရွေး စားသုံးနိုင်သည့် ကြက်ဆီထမင်း ကျွေးမွေးနေမှုအား ဝိုင်းဝန်းကူညီပေးခြင်း၊ မေတ္တာရေစင်ပက်ဖြန်းခြင်း၊ယိမ်းအဖွဲ့ ကပြ ဖြေဖျော်တင်ဆက်မှုကြည့်ရှု ပြီး ဆုတော်ငွေများ ချီးမြှင့်ခဲ့ကာ နေ့လည် ၁၂နာရီတွင် စတုဒိသာ အလှူ မင်္ဂလာ အခမ်းအနား အား ပိတ်သိမ်းခဲ့ပါသည်။

လိပ်စာ

No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.

အီးမေးလ်

info@idomyanmar.org

ဖုန်း

09-250 097 938, 09-694 003 109,
09-451 143 069