ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ စတုဒိသာ အလှူတော် ( တတိယနေ့) အခမ်းအနား
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ ရန်ကုန် တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီး ချုပ် ဦးစိုးသိန်း နှင့် ဇနီး၊လူမှုရေးရာဝန်ကြီး ဦးဌေးအောင် နှင့် ဇနီး၊သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း နှင့် ဇနီး၊တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောဂျက်ကော့ထူး နှင့် ဇနီး၊လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့် နှင့် ဇနီး၊စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင် နှင့် ဇနီး၊တိုင်း ဥပဒေချုပ်နှင့် တိုင်းဒေသကြီး မှ ဌာန ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ် များ သည်၂၀၂၄ ခုနှစ် ဧပြီလ ၁၅ ရက် မဟာသင်္ကြန် အကြတ် နေ့ မနက် ၉ နာရီ ၄၅ မိနစ် တွင် ရွှေတိဂုံ ဘုရား အနောက်ဘက်စောင်းတန်းအနီးရှိ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ စတုဒိသာ အလှူတော် ( တတိယနေ့) အခမ်းအနား သို့ တက်ရောက် အားပေးခဲ့ကြပါသည်။ အခမ်းအနား တွင် ရန်ကုန် တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီး ချုပ် ဦးစိုးသိန်း နှင့် ဇနီး က အလှူတော် ငွေ ကျပ် သိန်း( ၁၀၀) ပေးအပ် လှူဒါန်း ခဲ့ရာ ဗဟို ဥက္ကဌ ဦးဝဏ္ဏနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပါသည်။ စတုဒိသာ မဏ္ဍပ် နေရာတွင် ဘုရားဖူးလာရောက်ကြသူ ပြည်သူ ဦးရေ ၁၀၀၀ အတွက် ကြက်ဥ ထမင်းကြော် အာဟာရဒါနနှင့် ရေသန့် အလှူ ပေးအပ်လှူဒါန်းခဲ့ပါသည်။
အဆိုပါလှူဒါန်းပွဲအခမ်းအနားသို့ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေး ဗဟိုဥက္ကဌ ဦးဝဏ္ဏ ၊ ဒုတိယဥက္ကဌ ဦး ဇော်ဇော်နိုင် နှင့် ဇနီး၊ ရန်ကုန်တိုင်း ဥက္ကဌ ဦးထွန်းထွန်းဦးနှင့် ဇနီး၊ ဗဟိုလူမှုရေးရာလုပ်ငန်း ဥက္ကဌ၊အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဗဟို အမျိုးသမီးရေးရာ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဗဟို အလုပ်အမှုဆောင် များ၊ တိုင်း အလုပ်အမှုဆောင်များ၊ ခရိုင် အသီးသီးမှ ဥက္ကဌနှင့် အလုပ်အမှုဆောင်များ၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ဝင်များ တက်ရောက်ကြပြီး မေတ္တာရေစင်ပက်ဖြန်းခြင်း၊ အာဟာရဒါန နှင့် ရေသန့် ကျွေးမွေး လှူဒါန်းနေမှုကို ဝိုင်းဝန်းကူညီပေးခြင်း တို့ဆောင်ရွက်ခဲ့ပြီး နေ့ လည် ၁၂နာရီတွင် အခမ်းအနား အား ရပ်နားခဲ့ပါသည်။

လိပ်စာ
No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.
အီးမေးလ်
info@idomyanmar.org
ဖုန်း
09-250 097 938, 09-694 003 109,
09-451 143 069