ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဝန်ကြီးချုပ် နှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဘာသာပေါင်းစုံကိုယ်စားလှယ်များ တွေ့ဆုံပွဲ ကို ၂၀၂၄ ခုနှစ် ဧပြီလ ၁၂ ရက် နံနက် ၉ နာရီ ၅၅ မိနစ် အချိန်တွင် နေပြည်တော် ဇမ္ဗူသီရိ ခန်းမ ၌ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနား သို့ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဗဟိုနာယက ဦးစိုးသိန်း၊ဗဟို ဥက္ကဋ္ဌ ဦးဝဏ္ဏ၊ဒု ဥက္ကဋ္ဌ ဦးဇော်ဇော်နိုင် ၊ ဒု ဥက္ကဋ္ဌဦးအောင်ဇော်ဝင်း၊ရန်ကုန်တိုင်း ဥက္ကဋ္ဌ ဦးထွန်းထွန်းဦး၊ နေပြည်တော် ဥက္ကဋ္ဌဦးမျိုးအောင်၊ဗဟို အလုပ်အမှုဆောင် ဦးလှဝင်း၊ ဒေါက်တာမျိုးဝင်း၊ဦးဇွဲရန်နိုင်၊ဗဟို တွဲဖက် ဘဏ္ဍာရေးမှူး ဦးတင်ကိုကို ၊ နေပြည်တော် အထွေထွေ အတွင်းရေးမှူး ဒေါတ်တာ မင်းမင်းကျော် နှင့် အလုပ်အမှုဆောင်များတက်ရောက်ခဲ့ကြပါသည်။
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဝန်ကြီးချုပ် နှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဘာသာပေါင်းစုံကိုယ်စားလှယ်များ တွေ့ဆုံပွဲ
by admweb | Apr 12, 2024 | ပွဲနှင့်လှုပ်ရှားမှုများ | 0 comments