ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ ဖွင့်လှစ်သင်ကြားသည့် ပထမအကြိမ် ယဥ်ကျေးလိမ္မာသင်တန်း ဖွင့်ပွဲအခမ်းအနား
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ ဖွင့်လှစ်သင်ကြားသည့် ပထမအကြိမ် ယဥ်ကျေးလိမ္မာသင်တန်း ဖွင့်ပွဲအခမ်းအနား ကို ၂၀၂၄ခုနှစ် မတ်လ(၂၂)ရက်နေ့ နံနက်(၉)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်၊မြယမုံကမ်းသာယာအိမ်ရာအတွင်းရှိ မေဃဝတီ ဓမ္မာရုံတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)ဥက္ကဌ ဦးဝဏ္ဏ ၊အထွေထွေအတွင်းရေးမှူးဦးခင်ဝေ၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ရန်ကုန်တိုင်းဒေသကြီး)ဥက္ကဌ ဦးထွန်းထွန်းဦး၊ဗဟိုအမျိုးသမီးရေးရာကော်မတီဥက္ကဌ ဒေါ်ခင်မြသွေး၊ ဗဟိုအလုပ်အမှုဆောင်များနှင့် ဗဟိုအမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ တိုင်းအထွေထွေအတွင်းရေးမှူး ဦးထွန်းထွန်းဦး၊ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(သင်္ဃန်းကျွန်းခရိုင်)ယာယီဥက္ကဌဦးကျော်စည်သူနှင့်အလုပ်အမှုဆောင်များ၊ ဗိုလ်တထောင်ခရိုင် ဥက္ကဌ ဦးသန့်ဇင်လှိုင်နှင့် အလုပ်အမှုဆောင်များ ရပ်မိရပ်ဖများ၊သင်တန်းသား သင်တန်းသူများ၏မိဘများနှင့်သင်တန်းသား၊သင်တန်းသူ(၁၁၂)ဦးတို့တက်ရောက်ခဲ့ကြသည်။
အခမ်းအနားမှူးအဖြစ် ဗဟိုအလုပ်အမှုဆောင် ဦးလှကြူ(ဘဏ္ဍာရေးမှူးက ဆောင်ရွက်ပြီး အခမ်းအနားအား နမောတဿသုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ခြင်း၊ရန်ကုန်တိုင်းဥက္ကဌ ဦးထွန်းထွန်းဦးက အဖွင့်အမှာစကားပြောကြားခြင်း၊ အခမ်းအနားကျင်းပရေးကော်မတီဥက္ကဌ ဦးဇော်မိုးအောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြခြင်း၊ သင်တန်းသား သင်တန်းသူများအား အခြေခံဗုဒ္ဓဘာသာယဥ်ကျေးမှုစာအုပ်များ ပေးအပ်ခြင်း၊ သင်တန်းသားကလေးမိဘများကိုယ်စား ဦးသန့်ဇင်လှိုင်က ကျေးဇူးတင်စကားပြောကြားခြင်းတို့ ဆောင်ရွက်ပြီး အခမ်းအနားအား ဗုဒ္ဓသာသနံ စိရံတိဌတုသုံးကြိမ်ရွတ်ဆို၍ ရုတ်သိမ်းကာ ယဥ်ကျေးလိမ္မာသင်တန်းအား သင်တန်းနည်းပြများက ဆက်လက်သင်ကြားပို့ချခဲ့ကြပါသည်။

လိပ်စာ
No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.
အီးမေးလ်
info@idomyanmar.org
ဖုန်း
09-250 097 938, 09-694 003 109,
09-451 143 069