ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)၂၀၂၄ခုနှစ် (ပထမ)လေးလပတ်စုံညီအစည်းအဝေးကျင်းပ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)အလုပ်အမှုဆောင်အဖွဲ့နှင့်နေပြည်တော်ကောင်စီနယ်မြေအပါအဝင်တိုင်းဒေသကြီးနှင့်ပြည်နယ်ဥက္ကဋ္ဌများတွေ့ဆုံ၍၂၀၂၄ ခုနှစ်(ပထမ)လေးလပတ် ဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ၄ရက်၊ညနေ၄နာရီတွင် မင်္ဂလာ တောင်ညွန်မြို့နယ်ကန်ပတ်လမ်းရှိ Esperado Hotel ၌ကျင်းပခဲ့သည်။
ရှေးဦးစွာဗဟိုဥက္ကဋ္ဌဦးဝဏ္ဏကအဖွင့်အမှာစကားပြောကြားပြီးဗဟိုအထွေထွေအတွင်းရေးမှူးဦးခင်ဝေက ဗဟိုအလုပ်အမှု ဆောင်အဖွဲ့နှင့်တက်ရောက်လာကြသောနေပြည်တော်ကောင်စီနယ်မြေနှင့်တိုင်းဒေသကြီး၊ပြည်နယ်တို့မှအလုပ်အမှုဆောင်များနှင့်မိတ်ဆက်ပေးခဲ့သည်။
ယင်းနောက်ဗဟိုနာယကနှင့်ဒုတိယဥက္ကဋ္ဌများကနှုတ်ခွန်းဆက်စကားပြောကြားပြီးတက်ရောက်လာကြသောနေပြည်တော်ကောင်စီနယ်မြေအပါအဝင်တိုင်းဒေသကြီး၊ပြည်နယ်တို့မှဥက္ကဋ္ဌများကလက်ရှိအခြေအနေနှင့်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့အတွက်ဆောင်ရွက်နေမှုနှင့်ရှေ့လုပ်ငန်းများကိုတင်ပြခဲ့ကြသည်။
ဆက်လက်၍ဗဟိုဥက္ကဋ္ဌဦးဝဏ္ဏကတင်ပြချက်များအပေါ်ဖြည့်စွက်လမ်းညွန်ပေး၍ဗဟိုဥက္ကဋ္ဌနှင့်နေပြည်တော်ကောင်စီနယ်မြေအပါအဝင်တိုင်းဒေသပြည်နယ်တို့မှဥက္ကဋ္ဌများနှင့်အမှတ်ရစုပေါင်းဓာတ်ပုံရိုက်မှတ်တမ်းတင်ခဲ့ပြီးညစာစားပွဲကျင်းပခဲ့သည်။
လိပ်စာ
No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.
အီးမေးလ်
info@idomyanmar.org
ဖုန်း
09-250 097 938, 09-694 003 109,
09-451 143 069