ရှမ်းပြည်နယ် တောင်ကြီးမြို့ပေါ်ရှိ ဖော်ဟွေ့ ဘုရားကျောင်း ဖွင့်ပွဲ အခမ်းသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ တက်ရောက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို)ဥက္ကဌ ဦးဝဏ္ဏ ခေါင်းဆောင်သောအဖွဲ့သည် ရှမ်းပြည်နယ်၊တောင်ကြီးမြို့၊ဘုရားဖြူရပ်ကွက်၊နယ်မြေ(၁)၊ပညာဗောဓိလမ်းခွဲ(၂)၊ရှိ ဖော်ဟွေ့ ဘုရားကျောင်း တာဝန်ရှိသူများ၏ ဖိတ်ကြားချက်အရ ၂၀၂၅ခုနှစ်၊မေလ၊၃ရက်နေ့(၉:၀၀)နာရီအချိန်ခန့်က ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့ကြသည်။
အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)မှ ဒုတိယဥက္ကဌ ဒေါက်တာ တူးတူး(ခရစ်ယာန်ဘာသာ)၊(ဗဟို)အထောက်အကူပြုအမျိုးသမီးရေးရာလုပ်ငန်း (ဥက္ကဌ)ဒေါ်ခင်မြသွေး၊အတွင်းရေးမှူး ဒေါ်ခင်သီတာ‌ဇော်၊(ဗဟို)စည်းရုံးရေးရာကော်မတီ အတွင်းရေးမှူး ဦးသန့်ဇင်လှိုင်၊(ဗဟို)အလုပ်အမှုဆောင်များ၊နေပြည်တော်ကောင်စီနယ်မြေ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ အထွေထွေအတွင်းရေးမှူး ဒေါက်တာ မင်းမင်းကျော်နှင့်ဇနီး၊အလုပ်အမှုဆောင်များ၊ ရှမ်းပြည်နယ်၊ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဥက္ကဌ ဦးနေဝင်းထွေးနှင့်ဘာသာအလိုက် ဒုတိယ ဥက္ကဌများ၊အလုပ်အမှုဆောင်များတက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ဘုရားကျောင်းတာဝန်ရှိသူများက ဘုရားကျောင်းဖွင့်ပွဲနှင့်စပ်လျဥ်း၍သိရှိလိုသည်များကို တက်ရောက်လာသူများအားရှင်းပြခဲ့ပြီး၊ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)ဥက္ကဌက ၎င်းအဖွဲ့သည် နိုင်ငံအတွင်း ကျရောက်ခဲ့သော သဘာဝဘေးအန္တရာယ်များတွင် အန္တရာယ်နှင့်ကြုံတွေ့ခဲ့ရသော ဒေသများသို့ အချိန်နှင့်တစ်ပြေးညီသွားရောက်လှူဒါန်းခဲ့ခြင်း၊စက္ကုဒါနအဖြစ် မျက်စိဝေသနာရှင်များအား စမ်းသပ်ခွဲစိတ်မှုများဆောင်ရွက်ပေးခဲ့ခြင်း၊ဒါနဥပ ပါရမီအဖြစ် သွေး လိုအပ်နေသော နေရာ ဆေးရုံများသို့ သွေးများလှူဒါန်းပေးနေခြင်း၊ဘာသာကြီး(၄)ခုမှ လူငယ်များအားအသက်မွေး ဝမ်းကျောင်း ပညာများ အဖြစ်သင်တန်းများဖွင့်လှစ်သင်ကြားပေးနေခြင်း၊လှူဒါန်းမှုများဆောင်ရွက်ရာတွင်လည်း လူသားအချင်းချင်းစာနာထောက်ထားသောအားဖြင့် မည်သည့်ဘာသာဝင်များဖြစ်ပါစေ ဘာသာအလိုက် ခွဲခြားမှုမရှိပဲ စောင့်ရှောက်လှုဒါန်းမှုများ ဆောင်ရွက်ပေးခဲ့ပါကြောင်းပြောကြား၍ အပြန်အလှန်လက်ဆောင်များပေးအပ်ပြီးအမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံများရိုက်ကြကာ အခမ်းအနားအောင်မြင်ပြီးမြောက်ခဲ့သည်။

ပြန်ကြားရေး(ဗဟို)
ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့

Republic of the Union of Myanmar Central Myanmar Interfaith Dialogue OrganisationAttendance at the Opening Ceremony of Fohui Pagoda, Taunggyi, Shan State

A delegation led by U Wunna, Chairman of the Central Myanmar Interfaith Dialogue Organisation, attended the Opening Ceremony of Fohui Pagoda on 3 May 2025, at approximately 9:00 AM, at Pannaya Bodhi Junction (2), Ward (1), Baho Phyu Quarter, Taunggyi, Shan State, at the invitation of the pagoda trustees.
Attendees from the Central Interfaith Organisation included Dr. Tu Tu (Christian faith), Vice Chairperson; Daw Khin Mya Thwe, Chairperson of the Central Women’s Support Committee; Daw Khin Thida Zaw, General Secretary; U Thant Zin Hlaing, Secretary of the Central Organising Committee; Central Executive Members; Dr. Min Min Kyaw and his spouse, General Secretary of the Nay Pyi Taw Council Territory Interfaith Organisation; as well as executive members. From the Shan State Interfaith Dialogue Organisation, U Nay Win Thwe, Chairperson; respective Vice Chairpersons from various religions; and executive members also attended.
During the ceremony, the pagoda trustees provided explanations to the attendees about the opening ceremony and related matters. U Wunna, Chairman of the Central Organisation, also spoke about the organisation’s ongoing activities — including timely donations to regions affected by natural disasters, provision of free eye surgeries for cataract patients as acts of compassion (karuṇā-dāna), regular blood donations to hospitals in need, and the offering of vocational training to youth from the four major religions. He emphasised that all these charitable efforts were conducted without discrimination based on religion, in the spirit of humanity and mutual support.
At the close of the event, commemorative gifts were exchanged, group photographs were taken, and the ceremony concluded successfully.

Information and Public Relations Department (Central)
Myanmar Interfaith Dialogue Organization

လိပ်စာ

No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.

အီးမေးလ်

info@idomyanmar.org

ဖုန်း

09-250 097 938, 09-694 003 109,
09-451 143 069