ရွှေပြည်ဟိန်းကျောင်း စက္ခဒါနဆေးရုံ၌ မျက်စိဝေဒနာရှင် ၂၂၀ အား အခမဲ့စမ်းသပ်စစ်ဆေး
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)အမျိုးသမီးရေးရာလုပ်ငန်းအဖွဲ့၏ စီစဉ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ မျက်စိဝေဒနာရှင်များကို ရန်ကင်းမြို့နယ်အမှတ် (၁၆)ရပ်ကွက်ရှိ ရွှေပြည်ဟိန်းကျောင်း စက္ခုဒါနဆေးရုံတွင် ဖေဖော််ဝါရီ(၉)ရက်က မျက်စိဝေဒနာရှင် ၂၂၀ တို့ကို အခမဲ့ စမ်းသပ်စစ်ဆေးမှုမျာပြုလုပ်ပေးခဲ့ပါသည်။ စမ်းသပ် စစ်ဆေးရာသို့မြန်မာနိုင်ငံ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)ဥက္ကဌဦးဝဏ္ဏ၊ အမျိုးသမီးရေးရာ လုပ်ငန်း အဖွဲ့ဥက္ကဌ ဒေါ်ခင်မြသွေးနှင့် တာဝန်ရှိသူများက မျက်စိဝေဒနာရှင်များအားလိုက်လံကြည့်ရှုအားပေးခဲပြီး ဆရာတော်များအားဖူးမျှော်ကန်တော့ခဲကြသည်။ ယမန်နေ့က မျက်စိစမ်းသပ်စစ်ဆေးခဲ့သော ဝေဒနာရှင် ၂၂၀အနက်ခွဲစိတ်ရန်လိုအပ်သောဝေဒနာရှင်၄၅ဦးတို့အား ဖေဖော်ဝါရီလ ၁၂ ရက် (ပြည်ထောင်စုနေ့)တွင် ရွေပြည်ဟိန်းကျောင်း စက္ခုဒါနဆေးရုံမှ စေတနာရှင် ဆရာဝန်များက အခမဲ့ ခွဲစိတ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။ ယခုတစ်ပတ်မျက်စိခွဲစိတ်မှုကုသမှုသည်မြန်မာနိုင်ငံဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)၏ ဒုတိယအကြိမ်မြောက်အမျိုးသမီးရေးရာလုပ်ငန်းအဖွဲ့၏ လှူဒါန်းမှုဖြင့် မျက်စိဝေဒနာရှင်ပေါင်း ၁၃၀ အားမျက်စိအလင်းဒါနပြုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
လိပ်စာ
No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.
အီးမေးလ်
info@idomyanmar.org
ဖုန်း
09-250 097 938, 09-694 003 109,
09-451 143 069