ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးများနှင့် အဖွဲ့၏တာဝန်ဝတ္တရားများ
ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးများနှင့်အဖွဲ့၏တာဝန်ဝတ္တရားများမှာ အောက်ပါအတိုင်းဖြစ်သည်-
ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ “ပုံမှန်အစည်းအဝေး” ကို အနည်းဆုံး တစ်လလျှင်တစ်ကြိမ် ကျင်းပရမည်။ အဖွဲ့ဝင်ဦးရေ၏ ၁/၃ တက်ရောက်လျှင် အစည်းအဝေး အထမြောက်သည်။
နာယကအဖွဲ့၊ ဥက္ကဋ္ဌအဖွဲ့၊ အတွင်းရေးမှူးအဖွဲ့၊ စီမံခန့်ခွဲရေးအဖွဲ့တို့က လိုအပ်သည်ဟု ယူဆလျှင်သော်လည်းကောင်း၊ အထောက်အကူပြု လုပ်ငန်း အဖွဲ့များနှင့် အလုပ်အမှုဆောင် အဖွဲ့ဝင်အများစုက အဆိုပြုတင်ပြလာလျှင် သော်လည်းကောင်း၊ အလုပ်အမှုဆောင်အဖွဲ့ “အရေးပေါ်အစည်းအဝေး” ကို ကျင်းပနိုင်သည်။ ဖိတ်ကြားခံ ဦးရေ၏ ၁/၃ တက်ရောက်လျှင် အစည်းအဝေး အထမြောက်သည်။
အလုပ်အမှုဆောင်အဖွဲ့သည် တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ခရိုင် အလုပ်အမှုဆောင်အဖွဲ့များနှင့်မပြတ်ဆက်သွယ်ဆောင်ရွက်နေရမည် ဖြစ်သကဲ့သို့ “ဗဟိုနှင့် အဖွဲ့အဆင့် ဆင့် တို့ပါဝင်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေး”ကို တစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ် ကျင်းပရမည်။ ဖိတ်ကြားခံရသူဦးရေ၏ ၁/၂ တက်ရောက်လျှင် အစည်းအဝေး အထမြောက်သည်။
နာယကအဖွဲ့၏ လမ်းညွှန်မှုကိုခံယူလျက် နှစ်စဉ်ပုံမှန်“သင်းလုံး ကျွတ်အစည်းအဝေး”၊ (၂) နှစ်တစ်ကြိမ်၊ “အလုပ်အမှုဆောင် အဖွဲ့သစ်ရွေးကောက်သည့် သင်းလုံးကျွတ်အစည်းအဝေး” နှင့် “အရေးပေါ်သင်းလုံးကျွတ် အစည်းအဝေး”များကို အလုပ် အမှုဆောင်အဖွဲ့က တာဝန်ယူဆောင်ရွက်ပေးရမည်။ ဖိတ်ကြားခံရသူ ဦးရေ၏ ၁/၂ တက်ရောက်လျှင် အစည်းအဝေး အထမြောက်သည်။
အကယ်၍ ဖော်ပြပါအစည်းအဝေးများတွင် သတ်မှတ်ဦးရေ မပြည့် ပါက သဘာပတိက မိမိ၏ဆင်ခြင်တုံတရားဖြင့် အစည်းအဝေးကို ရွှေ့ဆိုင်းရမည်။ ဒုတိယအကြိမ် အစည်းအဝေးတွင် အလားတူ သတ်မှတ် ဦးရေမပြည့်ပါက သင့်တော်သည့်ရက်တွင် တတိယ အကြိမ် အစည်းအဝေး ခေါ်ယူရမည်။ ယင်းအစည်းအဝေးတွင်လည်း သတ်မှတ်ဦးရေမပြည့်မီဖြစ်နေလျှင် သဘာပတိက တက်ရောက်သူ ဦးရေဖြင့်သာ အစည်းအဝေးကို ကျင်းပနိုင်သည်။
အထောက်အကူပြုလုပ်ငန်းအဖွဲ့များ ဖွဲ့စည်းရေးနှင့် လုပ်ငန်းများ ပုံမှန်လည်ပတ်ဆောင်ရွက်နိုင်ရေးအတွက် ကြီးကြပ်ပေးရမည်။
ဥက္ကဋ္ဌသည် အစည်းအဝေး၏ သဘာပတိ ဖြစ်သည်။
အစည်းအဝေးများကို အစည်းအဝေးအစီအစဉ်နှင့်အညီ ကျင်းပခြင်း၊ အစည်းအဝေးမှတ်တမ်းများ ပုံမှန်ထုတ်ပြန်ပေးခြင်း၊ အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်နိုင်မှု အခြေအနေ စသည့် လုပ်ငန်းကိစ္စအရပ်ရပ်ကို စနစ်တကျ ဆောင်ရွက်တင်ပြ ရမည်။
လိပ်စာ
No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.
အီးမေးလ်
info@idomyanmar.org
ဖုန်း
09-250 097 938, 09-694 003 109,
09-451 143 069