ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ ၊ ရန်ကုန်တိုင်း အထွေထွေအတွင်းရေးမှူး ဦးထွန်းထွန်းဦးနှင့် အဖွဲ့၊ လှည်းကူး ခရိုင် ဥက္ကဌ ဦးကျော်စိုးဝင်း နှင့် ဒုဥက္ကဌများ၊ အထွေထွေအတွင်းရေးမှူး၊ အတွင်းရေးမှူးများ မရမ်းကုန်းခရိုင် ဥက္ကဌ နှင့်အဖွဲ့ တို့သည် လှည်းကူးမြို့ ရှိ ဟိန္ဒူဘာသာ ဝင်တို့၏ မဟာသျှီဝ ဘုရားပွဲတော် သို့ ဂုဏ်ပြု တက်ရောက်
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ ၊ ရန်ကုန်တိုင်း အထွေထွေအတွင်းရေးမှူး ဦးထွန်းထွန်းဦးနှင့် အဖွဲ့၊ လှည်းကူး ခရိုင် ဥက္ကဌ ဦးကျော်စိုးဝင်း နှင့် ဒုဥက္ကဌများ ၊အထွေထွေအတွင်းရေးမှူး၊ အတွင်းရေးမှူးများ မရမ်းကုန်းခရိုင် ဥက္ကဌ နှင့်အဖွဲ့ တို့သည် ၂၀၂၄ ခုနှစ် မတ်လ ၉ ရက်၊စနေနေ့ နံနက် (၉)နာရီ တွင် လှည်းကူးမြို့ ရှိ ဟိန္ဒူဘာသာ ဝင်တို့၏ မဟာသျှီဝ ဘုရားပွဲတော် သို့ ဂုဏ်ပြု တက်ရောက်ခဲ့ကြပါသည်။ ပွဲတော်အခမ်းအနား သို့ မြို့နယ်သာသနာရေးမှူး တပ်ဆွယ်မှူး (စရဖ)၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ ၊ ဟိန္ဒူဘာသာဝင်များစုစုပေါင်း ( ၃၀၀ )ကျော်တက်ရောက် ခဲ့ကြပြီး ဟိန္ဒူဘာသာ ခရိုင်ဒုဥက္ကဌ ဦးမောင်မောင်မှ တက်ရောက်လာသော ဧညိ့သည် တော် များအား ပန်းကုံးစွပ်ခြင်း ခြုံထည်ပုဝါ လက်ဆောင်ပေးအပ်ခြင်းများပြုလုပ် ခဲ့ပါသည်။
ညနေပိုင်းတွင် လှည်းကူးခရိုင်ဘာသာပေါင်းစုံ ဥက္ကဌ ဦးကျော်စိုးဝင်း ဦးဆောင်၍ လှည်းကူးမြို့နယ်ဆေးရုံကြီးသို့ သွားရောက်၍ဆေးရုံအုပ်ကြီး နှင့် တွေ့ဆုံပြီး လူနာ (၁၀၀) ဦးအား ထမင်း နှင့် ဟင်းများ လှူဒါန်း ခဲ့ကြပါသည်။
လိပ်စာ
No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.
အီးမေးလ်
info@idomyanmar.org
ဖုန်း
09-250 097 938, 09-694 003 109,
09-451 143 069