ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ညောင်ရေသွန်းလောင်းလှူပွဲ

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဗုဒ္ဓဘာသာမိသားစုများ သည် ၂၀၂၄ ခုနှစ် မေလ၂၂ရက် ကဆုန်လပြည့် မြတ်ဗုဒ္ဓနေ့ နံနက် ၇နာရီ တွင် ရွှေတိဂုံ စေတီတော် မြောက်ဘက်အရပ် ရှိ ထီးတော်ရုံတန်ဆောင်းတော်၌ မြတ်စွာဘုရားအား ပန်းရေချမ်း၊ ဆွမ်းဘောဇဉ် ကပ်လှူပြီး မေတ္တာသုတ်ရွတ်ဖတ်ပူဇော်ကာ၊ ရာဟုထောင့် ရှိ မဟာဗောဓိပင် ကို ညောင်ရေသွန်းလောင်းကြပါသည်။

ညောင်ရေသွန်းလောင်းလှူပြီးနောက် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေး အဖွဲ့ဝင်များမှ ရွှေတိဂုံစေတီတော် အနောက်ဖက်စောင်းတန်း အနီး၊ကားရပ်နားဝင်းအတွင်းရှိအလှူတော်မဏ္ဌပ်နေရာမှ ဘုရားဖူးလာ လူအများအား စတုဒိသာ အလှူအဖြစ် လူ ၁၂၀၀ စားသုံးနိုင်သည့် မုန့်ဘူးနှင့်ရေသန့် ဗူးများပေးဝေလှူဒါန်းသွားပါသည်။

အဆိုပါ အခမ်းအနားသို့ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဗဟို ဥက္ကဌ ဦးဝဏ္ဏ၊ဗဟို ဒုတိယ ဥက္ကဌ ဦးမျိုးမင်းဝင်း၊ ဗဟို အထွေထွေ အတွင်းရေးမှူး ဦးခင်ဝေနှင့် ဗဟို အလုပ်အမှုဆောင်များ၊ ရန်ကုန်တိုင်း ဒေသကြီး ဥက္ကဌ ဦးထွန်းထွန်းဦး၊ တိုင်း အထွေထွေ အတွင်းရေးမှူး ဦးထွန်းထွန်းဦးနှင့် ရန်ကုန်တိုင်း အလုပ်အမှုဆောင်များ၊ဗဟို လူမှုရေးရာ ဥက္ကဌ ဦးအောင်မျိုးသန့် နှင့် အဖွဲ့ဝင်များ၊၊ ဗဟို အမျိုးသမီးရေးရာ ဥက္ကဌ ဒေါ်ခင်မြသွေးနှင့် အဖွဲ့ဝင်များ ၊ မိသားစုဝ

လိပ်စာ

No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.

အီးမေးလ်

info@idomyanmar.org

ဖုန်း

09-250 097 938, 09-694 003 109,
09-451 143 069